STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BEng (Hons) Architectural Engineering ဘွဲ့ကို 1st Class ဖြင့် အောင်မြင်ပြီးသူ မဇင်ပွင့်ဖြူ ၊ မသူဇာအောင်တို ႔နှင့် တွေ့ဆုံခြင်း
Zin & Thuzar Aung
July 2026
မေး # ပထမဆုံး ညီမလေးတို့ရဲ့ နာမည်ကို မိတ်ဆက်ပေးပါဦး
ဖြေ# ကျွန်မက မဇင်ပွင့်ဖြူပါ ။ ညီမက မသူဇာအောင်ပါ။ STI Myanmar University မှာ University of Bedfordshire က တိုက်ရိုက်ချီးမြှင့်တဲ့ BEng(Hons) Architectural Engineering ဘွဲ့ ကို 1st Class နဲ့ ဒီမေလဆန်းက အောင်မြင်ထားပါတယ်။
မေး-# အခု STI Myanmar University မှာ BEng(Hons) Architecture Engineering ဘဲြ႕သင်တန်းကို 1st Class နဲ့ အောင်မြင်ခဲ့ပြီဆိုတော့ ပထမဆုံးကို STI ကို ဘယ်လို သိပြီးတက်ရောက်ခဲ့တာလဲ ။ အဲ့ဒါလေးပြောပြပေးပါ။
ဇင်#- ပထမဆုံး ဆယ်တန်းအောင်တော့ Private ကျောင်းတက်ချင်လို့ စုံစမ်းတော့ အင်ဂျင်နီယာဘွဲ့အထိ တက်နိုင်တဲ့ကျောင်းက STI မှာပဲရှိတယ်။ တခြားကျောင်းတွေမှာ HND ဒီပလိုမာနဲ့ Civil တွေ ပဲရှိတာများတယ်။ Archi ကို BEng (Hons)ဘွဲ့ အထိပေးနိုင်တာက ဒီမှာပဲရှိလို့ ကိုယ်ကလည်း Archi ဘက်ကို ပို၀ါသနာပါလို့ ဒီကျောင်းကိုပဲ ရွေးချယ်ခဲ့တာပါ။
သူဇာ#- ညီမကတော့ ကျောင်းကို မတက်ခင် အရင်စုံစမ်းကြည့်တဲ့ အခါ ၊ကျောင်းက ဂုဏ်သတင်းလည်းကောင်းတယ်။ result လည်းကောင်းတယ်။ ပြီးတော့ စာမေးပွဲကို တကယ်ဖြေဆိုပြီး အရည်အချင်းကို သေချာစီစစ်ပေးတာမျို းဖြစ်တာ သိခဲ့ရတယ်။ မိတ်ဆွေတွေကလည်း ကောင်းတယ် ၊တက်ပါလို့ပြောလို့ တက်ဖြစ်တာပါ။
မေး# ဒါဆို Architecture သာသာရပ်ကို ကိုယ်တကယ်ပဲ စိတ်၀င်စားလို့ ဒီမှာတက်ဖြစ်တာလား။ တစ်ယောက်ယောက်လည်း တွန်းအားပေးမူတွေပါလား။
ဇင်#ခုနက ပြောသလို ညီမက Archi ကိုအရမ်းစိတ်၀င်စားတယ်။ တခြားကျောင်းတွေမှာလည်း Archi ကို သေချာသင်ပေးတာမရှိဘူး။ ၀ါသနာလည်းပါလို့ မေဂျာခွဲတာနဲ့ Archi ကိုပဲ ယူခဲ့တာပါ။
သူဇာ#ကျွန်မက ဒီကျောင်းကိုလာစုံစမ်းတုန်းက ပထမ Business ကိုတက်ဖို့ စုံစမ်းတာပါ။ အိမ်က မိဘတွေထဲမှာ အင်ဂျင်နီယာ generation ကလည်းရှိနေတော့ ။သူတို့ တက်စေချင်လို့ တက်လိုက်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း ကြိုက်နိုင်တယ်ဆိုတာမျိုး တွေးကြည့်လို့ရတာလည်း ပါတယ်။ နောက်တော ႔ မေဂျာရွေးချယ်တာလည်း မှန်တယ်ပြောရမယ် ။ ကျွန်မ စိတ်၀င်စားနေတဲ့ ဘာသာတစ်ခုဖြစ်လာပါတယ်။
မေး# STI ကိုမတက်ခင် နဲ့ တက်ပြီး မျှော်လင့်တာ တစ်ထပ်တည်းကျရဲ့လား။ စာသင်ကြားရတ အတွေ့အကြုံလေးလည်း ပြောပြပေးပါဦး။
ဇင် # ညီမတို့ မျှော်လင့်တာနဲ့ တစ်ထပ်တည်းကျပါတယ်။ စာသင်ချိန်အတွင်းလေးများမှာ သင်ပြီး Support လေးပေးတာမဟုတ်ပဲ စာသင်ချိန်ပြင်ပမှာတောင် နားမလည်တဲ့ မှန်သမျှရှင်းပြပေးတာ ညီမလိုပဲ ကျောင်းသားတိုင်းအရမ်းသဘောကျမယ်ထင်ပါတယ်။ ဆရာ၊ဆရာမတွေကProject တွေဆိုလည်း ကူညီလမ်းညွှန်ပေးကြတယ်။
သူဇာ# ကျွန်မလည်း ဒီမှာ စာသင်ရတာ စိတ်ကျေနပ်မူအပြည့်အ၀ရှိ့ပါတယ်။ အင်ဂျင်နီယာ Subject တွေက Archi ပဲဖြစ်ဖြစ် ၊ Civil ပဲဖြစ်ဖြစ် ထင်သလောက်မလွယ်ပါဘူး။ အဲ့ဒီလိုပဲ အရမ်းကြီး Struggle လုပ်ရတာမျိုးလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ သင်ရိုးတွေ ကို နားလည်အောင်ရှင်းပြနိုင်တာ ဆရာ၊ဆရာမတွေရှိတာ ကျွန်မတို့အတွက် အရမ်းအကျိုးရှိပါတယ်။ ပြီးတော့ ကျောင်းသားတွေအတွက် Coordinator တစ်ယောက်အပြင် နားမလည်ရင်မေးဖို့ ၀ါရင့်အတွေ့အကြုံရှိ ဆရာကြီး/ဆရာမကြီးများအပြင် Assistant Lecturer တစ်ယောက်က Study လုပ်ဖို့သင်ကြားပြသပေးလို့ အဆင်ပြေပါတယ်။ ပြီးတော့ ဒီမှာက စည်းကမ်း ထိန်းသိမ်းမူပိုင်းမှာလည်းကောင်းတယ်။ ကျောင်းပျက်တာတွေ ဘာတွေများရင် မိဘတွေဆီ တိုက်ရိုက်ပြောပြီး သူတို့ကို အသိပေး ကျောင်းသားတွေကိုလည်းသတိပေးတာမျိုးတွေရှိပါတယ်။ ပြီးတော့ ကျွန်မတက်ခဲ့တဲ့ ၃နှစ်နဲ့ ၈လအတွင်းမှာ Internship တွေ ။ Site Visit တွေလည်း သွားရတာတွေရှိပါတယ်။ အဲ့ဒါတွေလည်း အရမ်းကောင်းပါတယ်။
မေး# အဲ့ဒီအတွေ့အကြုံလည်း ပြောပြပါဦး
ဇင်# ကုမ္ပဏီတွေ အများကြီးပါပဲ ။ ဟုတ်ကဲ့ ညီမတို့နှစ်ယောက်စလုံးကတော့ အာရုံဦးမှာ Internship တစ်လသွားဆင်းရတယ်။ Archi ပေမယ့် ဆင်းလိုက်ရတဲ့ ဆိုက်က Civil နဲ့ ဆိုင်တဲ့ ဆိုက်မျိုးဖြစ်သွားတယ်။ သီလ၀ါ Economic zone 2 အထိ သွားပြီး Factory ဆောက်တာကို လေ့လာသင်ယူရပါတယ်။
သူဇာ#အာရုံဦးမှာ သင်ပေးတဲ့ ဆရာကလည်း သေချာစိတ်ရှည်လက်ရှည် သင်ပေးတယ်။ဒီတော့ အလုပ်သင်ဆိုပေမယ့် လည်း အလုပ်နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာ မှန်သမျှ သိခွင့်ရခဲ့ပါတယ်။ ဒီတော့ နောက်ဆုံးနှစ်တက်တဲ့ အခါ စာတွေနဲ့ လက်တွေ့ ကို တခါတည်းသင်ယူနိုင်ပြီးဖြစ်လို့ internship ဆင်းခဲ့တဲ့ အကျုးိကျေးဇူးကိုခံစားရရှိခဲ့ပါတယ်။ ပြီတော့ Internship အပြင် site visit တွေလည်း သွားရောက်လေ့လာရပါတယ်။ Water supply system တွေ ၊ Lift တွေ ဘယ်လိုတပ်ဆင်ရင်ကောင်းမလဲဆိုတာလေ။ စက်ရုံဘယ်လိုဆောက်လဲဆိုတာ တွေ လေ့လာခွင့်ရခဲ့ပါတယ်။
မေး#အနာဂတ်ရည်မှန်းချက်ကိုလည်းပြောပြပေးပါဦး။
ဇင်# ညီမတို့က အခု Graduation ကို တက်ဖို့စောင့်နေတယ်ပေါ့ ။ ပြီးရင်တော့ ဒီလမ်းကြောင်းကို ကိုယ်က ရွေးချယ်လိုက်ပြီဆိုတော့ ဒီလမ်းကြောင်းပေါ်မှာပဲ အောင်မြင်အောင် ကြိုးစားသွားမှာပါ ။ ပန်းချိတွေဆွဲရတာလည်း ညီမက နဂိုတည်းက ၀ါသနာပါတော့ ဗိသုကာ လက်ရာ လှလှလေးတွေ ညီမကိုယ်တိုင်ရေးချင်တာ ညီမရဲ့ ရည်မှန်းချက်ပါ။
သူဇာ#ကျွန်မကတော့ သြစတြေးလျမျာ မာစတာ သွားရောက်တက်ချင်ပါတယ်။ Archi က သြစတြေးလျမှာ အရမ်းကောင်းတယ်။ နာမည်ကြိးတယ်လို့ ပြောလို့ ပါ။ ပြီးရင်တဲ့ ခေတ်မီလှပတဲ့ အဆောက်အဦးတွေ မြန်မာနိုင်ငံမှာ ပြန်လည်ဆောက်ပေးချင်ပါတယ်။
မေး# ညီမလေးတို့ ဘ၀မှာလေးစားအားကျရတဲ့ သူတွေကိုလည်းပြောပြပေးပါဦး။ ကိုယ့်ရဲ့ admire person ပေါ့ ။
ဇင်# ညီမဖြစ်ချင်တာမှန်သမျှ အမြဲ Support လုပ်ပေးတဲ့ မိဘကိုတော့ အမြဲလေးစားရတဲ့ Idol person တွေအဖြစ် နေရာပေးထားပါတယ်။ ပြီးရင် STIMU ရဲ့ Architectural Engineering Department Head ဖြစ်တဲ့ ပါမောက္ခဆရာကြီး ဦးပါစီမျိုးမြင့်ကို လေးစားအတုယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာကြီးကအမြဲပြောလေ့ရှိတယ်။ လူတစ်ယောက်က အောင်မြင်တဲ့ လမ်းကြောင်းပေါ်မှာပဲ အမြဲရှိမနေနိုင်ဘူး။ အောင်မြင်တဲ့သူလည်းရှိမယ်။ ကျရှုံးတဲ့သူလည်းရှိမယ်။ ကိုယ်က Archi လမ်းကြောင်းပေါ်လျှောက်ရင်း စိတ်နစ်ထားပြိး စေတနာထား ပြီးကြိုးစားဖို့လိုတယ်။ ဆရာကြီးရဲ့ ခံယူချက်နဲ့ သင်ပြပုံတွေက အကုန်လုံး စကားတစ်လုံးစီက အတုယူစရာများတယ်။ ဆရာကြိးနေပုံထိုင်ပုံ အားလုံးပါ ။ သူဇာ#ကျွန်မလည်းသူများကိုပြန်ပြီး knowledge sharing လုပ်နိုင်တဲ့ ဆရာကြီးဦးပါစီမျိုးမြင့်တို့လို ဆရာ၊ဆရာမတွေကို အကုန်လုံးကိုလေးစားအတုယူမိပါတယ်။
မေး#အခု(၂)ယောက်စလုံးက first Class တွေထဲပါတယ်။ ဘွဲ့လည်းရတော့မယ်။ Business ကိုလည်းတကယ်၀ါသနာပါတယ်ဆိုတော့ ကိုယ့် ဂျူနီယာတွေကို စာလေ့လာမူပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဇင်#ညီမတို့ထက်သူတို့က ပိုပြီး chance များတယ်။ ကျောင်းကလည်း တစ်နှစ်ထက်တစ်နှစ် facilities တွေကို ပိုပြီး ထောက်ပံ့ပေးတယ်။ ဒီတော့ ဂျူနီယာလေးတွေကို ဒီအတိုင်းပဲ ကြိုးစားပါ ။ ညီမတို့ထက် သာတ့ဲ Outstanding ဖြစ်တဲ့ ကျောင်းသား/သူဖြစ်ပါစေလို့ ပြောချင်ပါတယ်။
သူဇာ#သူပြောသလိုပါပဲ ။ ကျောင်းက နှစ်တွေပိုကြာလေ ပိုပြီး သင်ရိုးတွေမြင့်လာတယ်။ လုပ်ပေးနိုင်တာတွေက ပိုပြီးကောင်းတ့ဲအပြင် သင်ပေးတဲ့ ဆရာ၊ဆရာမတွေကလည်း အရမ်းကောင်းတယ်။ ဒီတော့ ဒီ STI ကျောင်းကိုလည်း ပိုရွေးချယ်သင့်တယ်။ အတန်းသာ ပုံမှန်တက်သွားရင် စာသေချာလုပ်ရင် မလိုက်နိုင်ပဲ ကျန်ခဲ့တာမဟုတ်ပဲ အေးအေးဆေးဆေး အမှတ်ကောင်းကောင်းနဲ့ အောင်မြင်နိုင်မှာပါ လို့ပဲ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Similar success journeys
Interview with Khant Min Lwin
Khant Min Lwin
Interview with Khant Min Lwin MBA-HHSM and BA(Hons)Business Administration Graduate University of Bedfordshire UK Managing Director - Santhawdar…
“STI Myanmar College ရဲ့ ဂုဏ်ယူရတဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ မင်းခန့်အောင် ရဲ့ ပညာရေးခရီးလမ်းသစ်တစ်ခု…” 🎓✨
Min Khant Aung
STI Myanmar College မှာ BEng(Hons)Civil Engineering ဘွဲ့ကို အောင်မြင်စွာ ရရှိခဲ့ပြီးနောက် အခုအခါမှာတော့ Malaysia နိုင်ငံရှိ International Islamic University Malaysia (IIUM) ကနေ…
BBA in Management (The Open University of Hong Kong)
Shein Htet Naung (Owner of Daw Kyin War Retail and Wholesale Store)
I was really excited in my first day in STI Myanmar University and I was a little bit…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →