STI Myanmar University တွင် University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့်သော BEng (Hons) Architectural Engineering နှင့် Civil Engineering ဘွဲ့များကို1st Class ဖြင့် အောင်မြင်ပြီး သူ ကျောင်းသား,သူ များနှင့် တွေ့ဆုံခြင်း
Group Students
July 2026
မေး # မောင်လေး ၊ ညီမလေးတို့ရဲ့ နာမည်ကို မိတ်ဆက်ပေးပါဦး
ဖြေ# ကျွန်တော်က ဂျွန်မင်းကြည်စောပါ။ သမီးက ပန်းမြတ်ပါ ။ သမီးက အေးချမ်းမြင့်မိုရ်နဲ့ သမီးရဲ့အမြွှာ သူက အေးငြိမ်းမြင့်မိုရ်ပါ။
မေး-# အခု STI Myanmar University မှာ BEng(Hons) ဘဲြ႕သင်တန်းကို 1st Class နဲ့ အောင်မြင်ခဲ့ပြီလို့ သိရတယ်။ STI ကိုဘယ်လိုသိပြီးတက်ခဲ့တာလဲ ဘာမေဂျာယူခဲ့တာလဲ။
ဂျွန်# ကျွန်တော်က အင်ဂျင်နီယာတစ်ယောက်အရမ်းဖြစ်ချင်ခဲဲ႔တာ ငယ်ဘ၀အိပ်မက်ပါ။ ဆယ်တန်းအောင်တော့ တကယ်တမ်းကျ အမှတ်မမီတော့ဘူး။ အဲ့ဒါနဲ့ နိုင်ငံတကာက တိုက်ရိုက်ပေးတဲ့ အသက်မွေး၀မ်းကျောင်းဘွဲ့ကို ဒီမှာပဲယူနိုင်မယ့် ကျောင်းတွေကိုသေချာစုံစမ်းကြည့်တော့ STI ကို သဘောကျလို့ ရွေးချယ်တက်ခဲ့တယ်။ မေဂျာခွဲတဲ့နေ့မှာပဲ အတွက်အချက်ပိုင်းတွေကို သိပ်စိတ်မ၀င်စားတဲ့ ကျွန်တော်က Archi ကိုပဲ ယူခဲ့ပါတယ်။
ပန်းမြတ်# သမီးက သူနဲ့ဆန့်ကျင်ဘက် အတွက်အချက်ကို သဘောကျပါတယ်။ ပြီးတော့ Civil ကို ဆရာတွေ စပြီး မိတ်ဆက်တော့ လည်း သဘောကျလို့ ရွေးချယ်ခဲ့တယ်။ ဒီကျောင်းကို သိတာကတော့ မိဘတွေက ကျောင်းတွေသေချာစုံစမ်းတဲ့အခါ သူတို့မိတ်ဆွေရဲ့ သားသမီးတွေက ဒီမှာတက်တဲ့သူတွေများတော့ ထောက်ခံကြတယ်။ ဒါကြောင့် STI ကိုရွေးချယ်ခဲ့ပါတယ်။
အေးငြိမ်း # သမီးလည်းဆယ်တန်းအောင်တော့ အမှတ်သိပ်မကောင်းဘူး။ ဒါပေမဲ့ မိဘတွေက အဲ့ဒီမှာရပ်နေတာမျိုးမဖြစ်စေချင်တော့ တကယ်ကောင်းတဲ့ပညာသင်ကြားမူရှိမယ့် ကျောင်းကို စုံစမ်းကြည့်တော့ STI ကိုသိခဲ့ရတယ်။ ဒါကြောင့်ရွေးချယ်ခဲ့တယ်။ သမီးက Civil မေဂျာကိုယူပါတယ်။
အေးချမ်း # သမီးလည်း အေးငြိမ်းလိုပါပဲ ။ ညီအစ်မဆိုတော့ မိဘတွေကညီမတို့ကို ပညာအမွေကို ထိုက်ထိုက်တန်တန်ပေးချင်တယ်။ ဒါကြောင့် STI ကို သူတို့သိချိန် တက်ဖို့ ညွှန်ကြားခဲ့တယ်။ သမီးက Creative ပိုင်းကို စိတ်၀င်စားလို့ Archi မေဂျာကိုပဲ ယူလိုက်ပါတယ်။
မေး # STIမှာ ပညာသင်ကြားခဲ့ရတဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
ဂျွန်# ကျွန်တော်တို့က ကျောင်းမှာ ၃နှစ်နဲ့ ၈လတက်ခဲ့ရတယ်ပေါ့ ။ ဆရာ ၊ဆရာမတွေရဲ့ စာသင်ကြားမူတွေက အရမ်းကောင်းပါတယ်။ ကျွန်တော်တို့က တက္ကသိုလ်ကျောင်းသား/သူ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ လည်း ဖြတ်သန်းရတယ်။ စာကိုလည်းထိထိရောက်ရောက်သင်ပေးတော့ ပညာလည်းတကယ်တတ်တယ်ပေါ့ ။သင်ရိုးတွေကလည်း အင်္ဂလန်ကပေးတဲ့ ဘွဲ့အတွက်ရည်ရွယ်သင်ကြားတာမို့ အရမ်းကိုကောင်းပါတယ်။
ပန်းမြတ်# Lecturer ဆရာ၊ဆရာမတွေက သူ့အချိန်တွေနဲ့၀င်တာပေမယ့် ၊ Assistant ဆရာ ၊ ဆရာမတွေက တချိန်လုံးရှိတော့ကိုယ်စာနားမလည်တာနဲ့ အချိန်မရွေး ပြန်ရှင်းပြပြောပြပေးပါတယ်။ စနေ၊ တနင်္ဂနွေဆိုလည်း အချိန်ငြိပြီး ဆရာမတွေက စာတွေပြန်ရှင်းပြပြောပြပေးပါတယ်။
အေးချမ်း# Archi မှာဆို Isreal Architect Foreigner ဆရာ Mr .Guy လည်းရှိတယ်။ တခြား Consultant ဆရာ/ဆရာမတွေလည်းရှိတော့ Project လုပ်တာတွေ ၊ Assignment ရေးတဲ့အချိန်တွေမှာ အကြံပေးကူညီမူတွေရတယ်။
အေးငြိမ်း# ဟုတ်ပါတယ်။ဒါကြောင့် STI မှာ တက်ခွင့်ပေးတဲ့ မိဘတွေကိုတောင် သမီးတို့ ကျေးဇူးတင်မိပါတယ်. ဘာလို့လဲဆိုတော့ ဘွဲ့မရခင်မှာတောင် Internship တွေကို သွားဆင်းခဲ့ဖူးတယ်။ အ့ဒါတွေကြောင့်လည်းပါပါတယ်။
မေး# အဲ့ဒီအတွေ့အကြုံလည်း ပြောပြပါဦး။
ဂျွန် # အဓိကကတော့ စာတွေ့န့ဲ လက်တွေ့ တခါလည်းလေ့လာသင်ယူနိုင်တယ်။Internship ဆင်းပြီး final ရောက်တဲ့ အခါ ပိုပြီးနားလည်လာတယ်။ တခါတည်းမြင်လာတယ်။
ပန်းမြတ် # သမီးက မြနန္ဒာ ကုမ္ပဏီမှာ Internship ဆင်းရပါတယ်။ Estimate တွေတွက်ချက်ရတယ်။ ဟိုက လူကြီးတွေလည်း အစစအရာရာလိုအပ်တာမှန်သမျှသင်ကြားပြသပေးပါတယ်။
အေးငြိမ်း# သမီးနဲ့ အေးချမ်းက မင်းဓမ္မလမ်းက ဆိုက်တစ်ခုမှာInternship ဆင်းရပါတယ်။ ညီအစ်မနှစ်ယောက်လုံးအတူတူပါပဲ ။ဒါပေမဲ့ ယူထားတဲ့ မေဂျာအလိုက် သူတို့သက်ဆိုငိ်ရာနေရာတွေမှာ အလုပ်နဲ့ ပတ်သက်ပြိး စေတနာထားပြီးသင်ကြားမူတွေလုပ်ပေးပါတယ်။
အေးချမ်း#ဟုတ်ပါတယ်။ ဒါကြောင့် စာသင်ရင်း ဆရာ/ဆရာမတွေဆုံးမတဲ့ အချိန်လေးစားဖို့ ၊ လူမူဆက်ဆံရေးကို နားလည်ဖို့ ၊ အများပြောတာကို လေးလေးစားစားနားထောင်တတ်ဖို့ စတာတွေပါ အပိုဆု အဖြစ် Internship ဆင်းရင်း ရခဲ့တယ်။
မေး# STI က လွှတ်တဲ့ နိုင်ငံခြားခရီးစဥ်တွေဘာတွေရော သွားခဲ့ဖူးလား။
ဂွှန်# ကျွန်တော်က Architectural Toul သွားခ့ဲဖူးတယ်။ ဆရာ Guy ဥိးဆောင်ပြီး အစ္စရေးနိုင်ငံက နာမည်ကြီး မြို့ (၃)မြို့မှာ အာခီနဲ့ပတ်သက်ပြီး လေ့လာသင်ယူမူေတွေလုပ်ခဲ့တယ်။ ဘာတွေ ဘယ်လိုဆောက်ထားတယ်။ ဘာနဲ့ဆောက်တယ်ဆိုတာကို details ရှင်းပြတယ်။ Workshop (၃) တက်ခဲ့ရတယ်။ အစ္စရေးက ကျောင်းသားတွေနဲ့ ဒီ STI က သွားခဲ့တဲ့ ကျောင်းသား(၉) ယောက်နဲ့ ပေါင်းပြီး activities တွေလုပ်ရတယ်။ အရမ်းအကျိုးရှိပြီး ပျော်စရာကောင်းတဲ့ ဘ၀မှာမမေ့နိုင်တဲ့ ခရီးစဥ်တစ်ခုပါပဲ။
မေး#အခုအားလုံးက first Class တွေထဲပါတယ်။ ဘွဲ့လည်းရတော့မယ်။ ဘာသာရပ်အလိုက် ကိုလည်းတကယ်၀ါသနာပါတယ်ဆိုတော့ ကိုယ့် ဂျူနီယာတွေကို စာလေ့လာမူပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
ဂျွန်# အဓိကကတော့ ကြိုးစားချင်စိတ်ပါ။ မိဘတွေကလည်း ကိုယ့်ကို အပြည့်အ၀ပံ့ပိုးပေးတယ်။ ကျောင်းနဲ့ ဆရာ၊ဆရာမတွေကလည်း ရာနှုန်းပြည့် တာ၀န်ကျေတယ်။ ကိုယ်ပဲ ကျန်တော့တယ်။ စာမေးပွဲဖြေရတော့မယ်ဆိုရင် ကျန်တာတွေကိုအနောက်ကိုပို့ၿ႔ပီး ကျောင်းကိုပဲ အရေးကြီးဆုံးနံပါတ်(၁) နေရာမှာထားပြီး ကြိုးစားခဲ့ပါတယ်။
ပန်းမြတ်# မေဂျာခွဲတဲ့အချိန်မှာပေါ့နော်။ ကိုယ်က သချာၤတော်တဲ့သူလား။ ပုံဆွဲတော်သူလား။ ကိုယ့်ကိုယ် အသိဆုံးမို့ ကိုယ်ကြိုက်တဲ့ မေဂျာကိုယူပြီး စာမေးပွဲနီးမှစာကိုလုပ်တာမျိုးမဟုတ်ပဲ ကျောင်းဖွင့်ကတည်းက မှန်မှန်လေး လုပ်သွားရင်first class နဲ့ အောင်မြင်နိုင်ပါတယ်။
အေးငြိမ်း ဒီကျောင်းမှာ individual project နဲ့ group project ဆိုပြီးရှိပါတယ်။ ဘယ်လို Project ပဲဖြစ်ဖြစ် ဆရာတွေနဲ့ တိုင်ပင်ပြီးလုပ်တာပိုကောင်းတယ် ။ နားမလည်ရင် ပြီးစလွယ် မလုပ်ပဲ ဆရာ၊ဆရာမတွေကို မေးမြန်းတိုင်ပင် သင့်ပါတယ်။
အေးချမ်း ဒါကြောင့်ဆရာ၊ဆရာမတွေကို နားမလည်ရင်မေးပါ။ အတန်းလည်းပုံမှန်တက်ပြီး စာလည်းပုံမှန်လုပ်ရင် အမှတ်ကောင်းကောင်းနဲ့ စာမေးပွဲကို ဖြေဆိုနိုင်ပါလိမ့်မယ်။
မေး# ညီမလေးတို့ ဘ၀မှာလေးစားအားကျရတဲ့ သူတွေကိုလည်းပြောပြပေးပါဦး။ ကိုယ့်ရဲ့ admire person ပေါ့ ။
ပန်းမြတ်# သမီးတို့ သူငယ်ချင်းတွေ ကျောင်းတက်တိုင်းပြောဖြစ်တယ်။ တီချယ် ရည်မွန်အောင်မိုးပေါ့နော်။ တီချယ်လိုဖြစ်အောင် နေထိုင်ကြမယ်ပေါ့ ။ တီချယ်က ကြည့်တော့ နူးနူးညံ့ညံ့ပျော့ပျော့လေးနဲ့ အရမ်း strong ဖြစ်တယ်။ တော်လည်းတော်တယ်။
အေးငြိမ်း# အတန်းထဲမှာအရမ်းဆိုးတဲ့ ကျောင်းသားတွေရှိတယ်။ လည်ဂုတ်ကနေဆွဲမပြီး အတန်းထဲမရောက်ရောက်အောင်ပို့ပေးတယ်။ မရမကလုပ်တယ်။ ထက်မြက်တယ်ပေါ့ ။သူက Subject တိုင်းမှာတော်တယ်။ Reference ထိတဲ့သူတွေဆိုလည်း အောင်အောင်စေတနာနဲ့ လိုက်လုပ်ပေးတယ်။ အဲ့ဒီလိုမျိုးကြောင့် လေးစားမိတယ်။
အေးချမ်း# သမီးတို့လည်းအတူတူပါပဲ ။ ဆရာကြိး ဦးပါစီမျိုးမြင့်န့ဲ ဆရာ Guy တို့ကြောင့်ပိုပြီးArchi ကို ပိုစိတ်၀င်စားလာတယ်။ သူတို့လို တော်တဲ့ ဗိသုကာပညာရှင်တွေဖြစ်ချင်ပါတယ်။
ဂျွန်# ကျွန်တော်ဆိုရင်တော့ တီချယ်နှင်းဆုမွန်၀င်းပေါ့ ။ သူက ဆရာ Guy သင်သမျှ ပြန်ပြီး Details ရှင်းပြပေးတယ်။ သူ့ Discussion အချိန်ဆို နေ့တိုင်းတွေ့လွန်းလို့ မောင်းထုတ်နေရတယ်။ ကျွန်တော်အခုလို ဖြစ်တာ သူ့ကျေးဇူးတွေ အများကြီးပါလို့ ဆရာမက ကျွန်တော်လေးစားရသူတွေထဲ တစ်ယောက်အပါအ၀င်ပါပဲ ။
မေး# အခုလက်ရှိဘာတွေလုပ်နေလဲ။
ဂျွန်# အခုလက်ရှိ Archi နဲ့ပတ်သက်ပြီး software ပိုင်းသင်တန်းတချို့ထပ်တက်နေပါတယ်။ ဘွဲ့က (၁၂)ပိုင်းမှဆိုတော့ ကျောင်းကပေးမယ့် ထောက်ခံစာနဲ့ အလုပ်တစ်ခုခု စလုပ်ဖို့ရည်ရွယ်ထားပါတယ်။
ပန်းမြတ်# သမီးကတော့ တီချယ်ရည်မွန်အောင်မိုးညွှန်ကြားတဲ့အတိုင်း MES မှာ Civil နဲ့ပတ်သက်တဲ့ သင်တန်းတွေ ထပ်တက်နေပါတယ်။
အေးငြိမ်း# သမီးလည်း ပန်းမြတ်နဲ့ အတူတူတက်နေပါတယ်။
အေးချမ်း# သမီးကတော့ အင်္ဂလိပ်စာကို လုပ်ချင်လို့ဆက်လုပ်နေပါတယ်။
မေး# ။ နောက်လာမယ့် အနာဂတ်ရည်မှန်းချက်နဲ့ပတ်သက်ပြီး ကိုယ်စိတ်ကူးထားတာလေး ပြောပေးပါဦး ။
ဂျွန်# နောင်လာမယ့် (၂)နှစ်လောက်မှာ သေချာပေါက်မာစတာတက်ဖြစ်ပါမယ်။ ဒေါက်တာဘွဲ့အထိပါ ရချင်တာပါ။
အေးငြိမ်း# Structural Engineer ဖြစ်ချင်ပါတယ်။ အဆောက်အဦးတွေကို ကိုယ်တိုင်ကြီးကြပ်ၿ႔ပီး ညွှန်ကြားဆောက်ပေးရတဲ့သူ။ မိန်းကလေးအင်ဂျင်နီယာဆိုပေမယ့် အများက အားကိုးပြိးလေးစား ရသူဖြစ်ချင်ပါတယ်။
ပန်းမြတ်# သမီးကတစ်နေ့နေ့မှာ ကိုယ့်အိမ်ကို အလှဆုံးဖြစ်အောင်ဆောက်ချင်တယ်။ အဓိကမိဘတွေကို ဆောက်ပေးချင်တာ။ ဒီဇိုင်းပိုင်းကိုတော့ ကိုယ့် သူငယ်ချင်းတွေကို စိတ်တိုင်းကျဆွဲခိုင်းမယ်။ မာစတာကလည်း အခုသင်တန်းတွေပြီးလို့ အလုပ်တွေ့အကြုံတွေရရင် ဆက်တက်ဖြစ်မှာပါ။
အေးချမ်း # သမီးလည်းအလုပ်အတွေ့အကြုံတွေယူချင်ပါသေးတယ်။ ဒီဇိုင်းဆန်းဆန်းလေးတွေ နဲ့ ခေတ်မီအဆောက်အဦး တွေကို မြန်မာနိုင်ငံမှာ ကိုယ်ဖန်တီးထားတယ်ဆိုတာမျိုး ပြောပြချင်ပါတယ်။ အဲ့ဒီလို ဖြစ်အောင်လည်း ကြိုးစားသွားမှာပါ။
Similar success journeys
Interview with Daw Hnin Si Mother of Khant Min Lwin…
Daw Hnin Si, Mother of Khant Min Lwin
Interview with Daw Hnin Si Mother of Khant Min Lwin (MBA - HHSM and BA(Hons)Business Administration Graduate -…
STI Myanmar University တွင် University of Bedfordshire မှ တိုက်ရိုက်ချီးမြှင့်သော BEng…
Zin & Thuzar Aung
မေး # ပထမဆုံး ညီမလေးတို့ရဲ့ နာမည်ကို မိတ်ဆက်ပေးပါဦး ဖြေ# ကျွန်မက မဇင်ပွင့်ဖြူပါ ။ ညီမက မသူဇာအောင်ပါ။ STI Myanmar University မှာ University of…
Graduates Employment – STIMU graduates are leading fulfilling, illuminated and…
STI Students
STIMU graduates are leading fulfilling, illuminated and rewarding lives. We are proud to hear their success stories and…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →