STI Myanmar University နဲ့ University of Bedfordshire (UK) တို့ပူးပေါင်းဖွင့်လှစ်ထားသော BA(Hons) Accounting & Finance ဘွဲ့ရကျောင်းသူ မကေခိုင်ဇင်နှင့်တွေ့ဆုံခြင်း
Kay Khaing Zin
July 2026
STI Myanmar University နဲ့ University of Bedfordshire (UK) တို့ပူးပေါင်းဖွင့်လှစ်ထားသော BA(Hons)Accounting & Finance ဘွဲ့ရကျောင်းသူ မကေခိုင်ဇင်၏ နောက်ဆုံးနှစ် ကျောင်းသူဘဝ ဖြတ်သန်းမူ အတွေ့အကြုံများကို ယခုကဲ့သို့မေးမြန်းခဲ့ပါသည်။
မေး- ဦးစွာပထမ ညီမလေးရဲ့ နာမည်နှင့် တက်ရောက်ခဲ့တဲ့ အတန်းလေး မိတ်ဆက်ပေးပါရှင့်။
ဖြေ- ညီမနာမည်က မကေခိုင်ဇင်ပါ ။ STI Myanmar University ရဲ့ 13BBAမှာ Accounting မေဂျာနဲ့ကျောင်းပြီးထားပါတယ်ရှင် ။
မေး-Management/Accounting အပိုင်းကို Final Year မှာဆိုရင် ဘယ်လိုဘာသာရပ် လေးတွေသင်ကြားရလဲ (Project, Assignment, Presentation တွေနဲ့ သင်ရပုံ)
ဖြေ-Final year Accounting Major first semester မှာ Financial reporting နဲ့ Audit Insurance ရယ် သင်ရတယ် ။ second semester မှာ Financial Management ရယ် Dissertation thesis paper ရယ် ရေးရတယ်ပေါ့နော် ။
မေး-Dissertation လုပ်ရမှာပေါ့နော်? အဲ့ဒီအခါမှာကော ဘယ်လိုခေါင်းစဥ်နဲ့လုပ်ဖြစ်လဲ? (ကိုယ်ရေးခဲ့ တဲ့Dissertation အကြောင်းလေးရှင်းပြပေးပါ)
ဖြေ-ညီမ Dissertation လုပ်တဲ့အခါမှာ Accounting ပိုင်းဖြစ်တဲ့အတွက် ရွေးချယ်ခဲ့တဲ့ခေါင်းစဥ်ကတော့ ရန်ကုန်က ဘဏ်ငါးခုကိုရွေးချယ်လိုက်ပြီးတော့ အဲ့ဒီဘဏ်ငါးခုက Central of Myanmar Law တွေ regulation တွေကို ဘယ်လောက်အထိလိုက်နာမူရှိလဲဆိုပြီး Dissertation ရေးခဲ့တာပါ ။ ခေါင်းစဥ်ကတော့ The Compliance of Law & regulation of the central Bank Myanmar top five bank in Yangon ပဲဖြစ်ပါတယ် ။ ညီမအနေနဲ့ဗဟိုဘဏ်က ချမှတ်ထားတဲ့ law & regulation တွေကို အရင်သိအောင်လုပ်ရတယ်ပေါ့နော် ။ နောက်ပြီးတော့မှ ဘဏ် ငါးခုရဲ့ financial Statement တွေကိုကြည့်ပြီး Data ရှာရတယ် ။ Central Bank ကချမှတ်တာတွေကို တကယ်လိုက်နာမလိုက်နာ လေ့လာကြည့်ရပါတယ် ။
မေး-ဆရာ/ဆရာမတွေက ကော ယခုလို Dissertation, Assignment, project တွေလုပ်တဲ့အခါ ဘယ်လိုမျိုးတွေ support ပေးခဲ့လဲ။
ဖြေ- အဓိက အပင်ပန်းခံတာကတော့ညီမတို့ရေးတဲ့ Dissertation ကို တီချယ်တွေက အပင်ပန်းခံပြီး ဖတ်ပေးတယ် ။ တီချယ်ဒေါ်လှသိင်္ဂပေါ့နော် ။ တီချယ် က အရမ်းလည်းတော်ပြီး စိတ်အပင်ပန်းခံပြီး လုပ်ပေးတယ် ။ တီချယ်ကို အရမ်းကျေးဇူးတင်ပါတယ်။ Coordinator ဖြစ်တဲ့တီချယ်ခင်ရီရီစန်းကလည်း technical Support ပိုင်းရော သမီးတို့ရေဘယ်နေ့ဘယ်နေ့တော့ ထပ်ရတော့မယ်ဆိုပြီး အချိန်ငြိပေးတာ မျိုးတွေ လည်းရှိ ပါတယ်။
မေး- Industry-visit လေးတွေ လဲ သွားရမှာပေါ့နော် ။ Industry-visit ရဲ့အမှတ်တရလေးတွေရယ် ဘယ်လို အကျိုးကျေးဇူးလေးတွေရလဲ ဆိုတာကို ပြောပြပေးပါဦးရှင့်(Assignment တွေ dissertation တွေရေးတဲ့အခါ support ဖြစ်လား? လုပ်ငန်းခွင်အတွက်ကော အထောက်အကူဖြစ်မယ် ယူဆလား)
ဖြေ-ကျောင်းက တစ်နှစ်ကို တစ်ခါ Industry visit လိုက်ပို့ပေးတယ် ။ ညီမက Final year မှာ သွားတော့ မလိုက်ဖြစ်လိုက်ပါဘူး။ Foundation တုန်းက သီလဝါစက်မူစုံကို Industry visit အနေနဲ့ သွားခဲ့ရတယ်။ ပထမဆုံး Industry visit အနေနဲ့ရောက်ဖူးတာဆိုတော့ ကိုယ့်ထက်စီနီယာ ဂျူနီယာလည်းပါတော့ အတွေ့အကြုံအသစ်ကို ရခဲ့ဖူးတယ် ။ နောက်တစ်နှစ် Fame ကိုသွားတုန်းကဆိုရင် သူတို့ဆေးဝါး ဘယ်လိုထုတ်လုပ်တယ်ဆိုတာကို ကိုယ်တိုင်ကိုယ်ကျလေ့လာရတယ် ။နောက်ပြီး ဆေးဝါးနဲ့ဆိုင်တဲ့ ဆေးရွက်ပင်တွေကို ကိုယ်တိုင်စိုက်ပျိုးထားတာလေးတွေအပြင် ဆေးဝါးနဲ့ဆိုင်တဲ့ စာရွက်စာတမ်း တွေခင်းကျင်း ပြသထားတာကိုလည်းတွေ့ရတယ် ။ နောက်ပြီးတော့ သူတို့ ဝန်ထမ်းတွေကိုဘယ်လို Management လုပ်တယ်ဆိုတာရော HR ပိုင်းအနေနဲ့ရော Fame အနေနဲ့ သူတို့ကိုယ်တိုင် ထုတ်လုပ်တယ် ၊သူတို့ကိုယ်တိုင် ရောင်းချတယ် သူတို့ကိုယ်တိုင်ဖြန့်ချီ တယ် ။ Do Yourself ပုံစံမျိုးဖြစ်နေတော့ Accounting Projectတစ်ခုမှာ Business Plan ကို Run မယ်ဆိုရင် ဘယ်လိုမျိုးကို Industry visit အနေနဲ့ Fame သွားတုန်းက အတွေ့အကြုံကို Apply လုပ်ခဲ့တယ်လို့ဆိုနိုင်ပါတယ် ။ တတိယတစ်ခုသွားတာက Yangon Stock Exchange ပေါ့နော်။ အဲ့ဒီတုန်းက လည်း တွေဘယ်လိုကစားတယ် ။ နာရီနဲ့အမျှပြောင်းလဲနိုင်တယ်ဆိုတာတွေကို လေ့လာခဲ့တယ်။ ညီမအတွက် အထောက်အကူဖြစ်တာဆိုရင် Dissertation ဘဏ်တွေအကြောင်းရေးတာဆိုတော့ မြန်မာ စည်ပင်ဘဏ်တို့ ၊ FMI တို့ Yangon Stock Exchange မှာ Business လုပ်ထားတဲ့ကုမ္ပဏီတွေအနေနဲ့ Public ကိုထုတ်ပြတဲ့ Financial Report တွေ Annual Reportတွေရှိတဲ့အတွက်ကြောင့် ညီမ Dissertation ရေးတဲ့အခါမှာ အထောက်အကူပြုပါတယ်။ ကျောင်းကနေ Industry visit တွေလွှတ်တဲ့ အတွက်ရှေ့လျောက်လုပ်ငန်းတွေမှာ အကျိုးရှိမယ်လို့ယူဆပါတယ် ။
မေး- ကျောင်းတက်ခဲ့ရတဲ့ တလျောက်အပျော်ဆုံး အမှတ်တရလေးတွေရှိရင်လဲ မျှဝေပေးပါဦး
ဖြေ-အပျော်ရွှင်ဆုံးအမှတ်တရအချိန်ကတော့ ပထမဆုံး Lighting Feststival မှာ 13BBA တစ်ခန်းလုံး စျေးရောင်းကြတယ်ပေါ့နော် ။ နှင်းဆီပန်းရောင်းကြတယ် ။ ပြဇာတ်အတူကကြတာ အမှတ်တရဖြစ်ပြီး အပျော်ဆုံးပါပဲ ။ နောက်ပြီး ကျောင်းက tripတွေပို့ပေးတယ်။ ကျောင်းသားတွေအတွက် Seminar တွေ Workshop တွေ အထိမ်းအမှတ်နေ့မှာ အမှတ်တရပွဲတွေ လုပ်ပေးတာလည်း ပျော်ခဲ့ရပါတယ် ။
မေး- ခုလိုမျှဝေပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ရှင့်။ ညီမလေးတို့ရဲ့ အနာဂတ်ရည်မှန်းချက်လေးလဲ ပြောပြပေးပါဦးနော်
ဖြေ- Long term Goal အနေနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တာပေါ့နော် ။ အခုညီမက Accounting နဲ့ဘွဲ့ရထားတာဆိုတော့ လောလောဆယ်အလုပ်ဝင်မယ်ဆိုရင်တော့ စာရင်းကိုင်အနေနဲ့ပဲရှိနေဦးမှာပေါ့ ။ နောက်တော့မာစတာဆက်တက်ဖို့လည်း ရည်မှန်းထားတယ် ။ ရည်မှန်းချက်အနေနဲ့ကတော့ ကိုယ်ပိုင်လုပ်ငန်းလေး လုပ်ချင်တာပါ ။ Final Year မှာ အဓိကကတော့လုံးဝမပေါ့ပါနဲ့ ။ ညီမအနေနဲ့ဆို Foundation Second Year အထိ Grade တွေကောင်းကောင်းရခဲ့တာပေါ့နော် ။ Final Year မှာ ညီမ နည်းနည်းပေါ့သွားတာနဲ့ Second Class ပဲရတော့တယ် ။ Final Year က First Year, Second Year နှစ်တွေလို ဆရာမကိုအားကိုးလို့မရတော့ဘူး။ သင်ခန်းစာပေးထားတာကို ကိုယ်တိုင်ဖတ် ၊လေ့လာပြီး ကိုယ်တိုင်လုပ်ရမယ် ။ Ukက တိုက်ရိုက်စစ်တာဖြစ်တဲ့အတွေက် Dissertation တွေ Thesis တွေကိုလည်း သေချာရေးပါ ။ သေချာပြန်ပြီး စစ်ပါလို့ပြောချင်ပါတယ်။
Similar success journeys
BBA in Management (The Open University of Hong Kong)
Khwar Nyo Myint Thu (Talent Management & Marketing Manager (Just Hype Company Ltd ))
STI MU provided me with a better experience with university life. The teachers are friendly, the courses are…
BBA in Management (The Open University of Hong Kong)
Aye Thiri Myint (Jasmine)(Brand Equity Associate (Japan Tobacco International))
Since the evolution of business is growing rapidly, marketing is a career that will always be in demand…
BBA in Management (The Open University of Hong Kong)
Toe Nanda (Management Trainee ,Nestlé Myanmar Limited)
My BBA student life in STI was pretty excited because we are not always mess with assignments and…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →