STIMU ၏ MSc ( Public Health) ဘွဲ့ရ ကျောင်းသူ ဒေါက်တာခင်၀တ်ရည်လှနှင့် တွေ့ဆုံခြင်း
Dr. Khin Wutyee Hla
July 2026
STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူကျန်းမာရေး မဟာဘွဲ့ MွSc ( Public Health ) ဘွ့ဲရ ဒေါက်တာ ခင်၀တ်ရည်လှ၏ ပညာသင်ကြားခြင်းအတွေ့အကြုံနှင့် ဘ၀ဖြတ်သန်းမူ အကြောင်း ကို အကြောင်းကို ယခုကဲ့သို့ မေးမြန်းထားပါသည်။
#မေး- မင်္ဂလာပါဒေါက်တာ ၊ ဒေါက်တာက STI Myanmar University မှာ MSc (Public Health) ဘွဲ့သင်တန်းကိုတက်ရောက်အောင်မြင်ထားတယ်လို့ သိရပါတယ် ။ ဒေါက်တာနာမည်ကို မိတ်ဆက်ရင်း STIMU ကို တက်ရောက်ဖြစ်တဲ့အကြောင်းလေးပြောပြပေးပါ။
*ဖြေ- ကျွန်မက ဒေါက်တာခင်၀တ်ရည်လှပါ။ ကျွန်မက ကျောင်းပြီးတာလည်း နည်းနည်းကြာသွားပြီ ။ ကျွန်မ ကျောင်းပြီးတဲ့အချိန်ကတည်းက Public Health ကို အရမ်းစိတ်၀င်စားမိတယ်။ ဒီတော့ Public Health နဲ့ပတ်သက်ပြီးထပ်ပြီးလေ့လာမယ် ၊ သင်ယူမယ်လို့လည်း ရည်ရွယ်ထားတယ်ပေါ့ ။ အဲ့ဒီမှာပဲ ကံကောင်းချင်တော့ STI မှာ Master ဘွဲ့သင်တန်းကိုဖွင့်ချိန်နဲ့တိုက်ဆိုင်သွားတယ်။ ဘွဲ့ကလည်း UK နိုင်ငံက ချီးမြှင့်တာမို့ STI မှာပဲ ရွေးချယ်တက်ရောက်ဖြစ်ခဲ့တာပါ။ ၂၀၁၈ခုနှစ် နို၀င်ဘာမှာ မဟာဘဲြ႕ကို ရခဲ့ပါတယ်။ UK နိုင်ငံက Chancellor ကိုယ်တိုင်ဒီရောက် ဘွဲ့ချီးမြှင့်ပေးခဲ့ပါတယ်။
#မေး- STIMU မှာ MSc (Public Health) ဘွဲ့ကို တက်ရောက်နေခဲ့တုန်းက အတွေ့ အကြုံတွေကိုပြောပြပေးပါဦး ဒေါက်တာ
*ဖြေ-အတွေ့အကြုံအနေနဲ့ ပြောရရင် စာသင်ပေးတဲ့ ဆရာ/ဆရာမတွေကို အကြောင်းကိုပဲအရင်ဆုံးပြောချင်ပါ တယ်။ Public Health မှာသင်ကြားနေတ့ဲဆရာကြီးဦးသန်းမြင့်တို့၊ တီချယ်ကေသီတို့ တွေကမြန်မာနိုင်ငံ Public Health မှာ ထိပ်တန်းက တတ်ကျွမ်းနားလည်တဲ့ဆရာ၊ဆရာမတွေပါ။ အဲ့ဒီဆရာ၊ဆရာမတွေဆီမှာ ပညာဆည်းပူးခွင့်ရလိုက်တယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ public Health အခြေအနေတွေရော ၊ System တွေရော သိရတယ်။ UK ရဲ့ ပညာရေးစနစ်ရော မြန်မာနိုင်ငံမှာ Public Health ကို ဘယ်လိုသင်ကြားပေးနေလဲဆိုတာကိုရော လေ့လာခွင့် ရခဲ့ပါတယ်။
#မေး- မြန်မာနိုင်ငံမှာ Public Health ကိုတက်ရောက်မယ်ဆိုရင် ဆရာ၀န်တွေမှပဲတက်သင့်တယ်လို့ တချို့ ထင်မြင်ယူဆကြတယ်။ ဒေါက်တာအနေနဲ့ရော ဘယ်လိုယူဆထားလဲ ၊ ပြောပြပေးပါဦး
*ဖြေ- အဲ့ဒါမှားနေပါတယ်။ Public Health ကမြန်မာနိုင်ငံမှာကျတော့ Prevention လုပ်တာများတယ်။ Public Health ကို အစိုးရ အနေနဲ့လုပ်တာရှိမယ်။ NGO သမားတွေကတော့ အစိုးရကို တဖက်တလမ်းကို ကူညီပေးဖို့ရာရှိ မယ်။ ဒါကြောင့် Public Health က ဆရာ၀န်မှမဟုတ်ပါဘူး။ အားလုံးနဲ့ သက်ဆိုင်ပါတယ်၊ အဲ့ဒီဘာသာရပ်ကိုလည်း ဆရာ၀န်မှယူရတာမဟုတ်ပါဘူး။ တခြားပညာရှင်တွေ ၊ ကျန်းမာရေးမှူးတွေ ပါတက်ရောက်နိုင်ရင် သိပ်ကောင်းပါတယ်။ တခြားနို်င်ငံတွေမှာဆို ကျန်းမာရေးနဲ့ မသက်ဆိုင်တဲ့သူတွေ အင်ဂျင်နီယာတွေတောင်တက်နေတာတွေရှိပါတယ်။ အဲ့ဒါကြောင့် UK ကပေးတဲ့ ဘွဲ့လည်းဖြစ်တယ်။ STI မှာဆိုရင် ဒီနိုင်ငံမှာတင်ယူလို့ရတဲ့ဘွဲ့လည်းဖြစ်တဲ့အတွက် ကျွန်မကတော့ ဆရာ၀န်တွေထက်တောင် တခြား ဆေး၀ါးကျွမ်းကျင်လိုမျိုး ၊ သူနာပြုလိုမျိုး ၊ ကျန်းမာရေးမှူးတွေလို သူတွေ တက်ရောက်ရင် ပိုကောင်းမယ်။ ပြန်အသုံးချနိုင်ရင် နိုင်ငံအတွက်လည်း အကျိုးရှိမယ်။ STI ကိုလည်း တဖက်တလမ်းက အကျိုးပြုမယ့် ကျောင်းသား/သူတွေ ပိုများလာမယ်။
#မေး- ဒေါက်တာရဲ့ dissertation paper လည်းဖြစ်တဲ့ ပိုစတာက လာအိုနိုင်ငံ Conference တင်ပြမယ်ဆိုတာသိရပါတယ်။ အဲ့ဒီပိုစတာ Presentationလုပ်ဖို့ idea ဘယ်လိုရခဲ့တာလဲ ။ ဒေါက်တာရဲ့ ရည်ရွယ်ချက်ကို ပြည့်ပြည့်စုံစုံလေး ပြောပြပေးပါ။
*ဖြေ- အဲ့ဒါက Greater Mekong(5) နိုင်ငံအတွက်လာအိုနိုင်ငံမှာ ကျင်းပတ့ဲ Public Health Conference ပေါ့ ။ ရန်ကုန်မှာရှိတဲ့ University student တွေက အွန်လိုင်းပေါ်မှာ Health Information တွေ ဘယ်လောက်ရှာ သလဲဆိုတာ ကို data နဲ့ ကောက်ပြီး လုပ်ထားတာပါ။ ရွာသာကြီးစီးပွားရေး တက္ကသိုလ်ပါတယ် ၊ ပညာရေးတက္ကသိုလ်ပါတယ်။ အဲ့ဒီမှာ ကျောင်းသား/သူ (၃၈၀) ကို စစ်တမ်းကောက်တော့ ၉၀ရာခိုင်နှုန်းကျော်က အွန်လိုင်းပေါ်မှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေရှာ ကြည့်ကြတယ်ပေါ့ ။ မထင်မှတ်ပဲသိရတာကတော့ အလှအပဆိုင်ရာ ၊ ၀ိတ်ချတာတွေ ၊ လူတွေ အရမ်းကြည့်တယ်။ တခါတလေတော့ ဆေးရုံနဲ့ဆေးခန်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ရောဂာအကြောင်းတွေ ကြည့်တာရှိတယ်။ လူငယ်တွေက government website တွေကိုတော့ အရမ်း reliable ဖြစ်တယ်။ ဒါပေမဲ့ ကြည့်လားဆိုတော့သေချာမကြည့်ဘူး ။ facebook နဲ့ Instagram တို့လောက်ပဲသုံးကြတယ်။ ပြီးတော့ သတင်းအချက်တွေနဲ့ပတ်သက်ရင်တော့ သေချာလေ့လာတာမျိုးမရှိဘူး။ သတင်းရဲ့အဓိက sources နဲ့ provider ကိုသုံးတဲ့ ကလေးတွေကမကြည့်ကြပဲ ရှယ်တာတို့ လေ့လာတာတို့က အမြဲလုပ်လေ့ရှိတယ်။ လုပ်ရမှာ ၀န်မလေးဘူး။ အဲ့ဒါကိုတွေ့ရတယ်။ အဲ့ဒီသတင်းမှန်မမှန် ကျန်းမာရေး website တွေနဲ့မတိုက်ကြည့်ကြဘူး။ ပြန်သုံးလားဆိုတော့ တော်တော်များများသုံးကြတယ်။
#မေး- တိုက်ရိုက်သုံးကြတာမျိုးလားဒေါက်တာ။
*ဖြေ - ဟုတ်တယ်။ သုံးကြတယ်။ သူတို့ဖာသာသူတို့ အဆင်ပြေတယ်။ ကျန်းမာရေးန့ဲ ပတ်သက်ပြီး mange လုပ်နိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အဲ့ဒါက အရမ်းကြီးမကောင်းဘူး။ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေ လည်းရှိကြတယ်။နောက်တစ်ချက်ထပ်ဖြည့်ပြောရရင်တော့ အဲ့ဒီကရတဲ့ information ကနေတဆင့် ဆရာ၀န်တွေ သွားရှာနိုင်တယ်။ ဆေးခန်းတွေသွားရှာနိုင်တယ်။ မြန်မာနိုင်ငံအနေနဲ့ research ကို ဒီထက်မကလုပ်နိုင်ရင်တော့ ကောင်းတယ်လို့ပြောရမှာပေါ့ ။ ပြီးတော့ ခုနက မေးတဲ့မေးခွန်းမှာ ကျွန်မရဲ့ dissertation paper နဲ့ပတ်သက်ပြီး ရည်ရွယ်ချက် ဆိုတာပါတော့ အဓိကကတော့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမူကို ဒီထက်မကပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ဖို့ ကျွန်မရည်ရွယ်ပါတယ်။ ဒီပိုစတာတင်ပြပြီးရင် နောက်ထပ် article အဖြစ် ဒီအကြောင်းအရာကိုရေးပြီး public လုပ်ဖို့လည်း စိတ်ကူးထားပါတယ်။ အွန်လိုင်းက ရတဲ့ အချက်အလက်တွေ ကို ဘာမှမစစ်ဆေးပဲနဲ့ဒီအတိုင်းအသုံးချနေတယ်ဆိုတာ အရမ်းအန္တရာယ်ကြီးပါတယ်။
#မေး- ဒေါက်တာအနေနဲ့ အခုလို ပြီးပြည့်စုံတဲ့ ပိုစတာတစ်ခုရဖို့အတွက်research တွေလုပ်ရာမှာ ၊ အခက်အခဲတွေရှိခဲ့ လား။ ရှိရင် ပြောပြပေးပါဒေါက်တာ။
*ဖြေ-အခက်အခဲကတော့ လူ (၃၈၀)ကို လူချင်းတွေ့ပြီးကောက်တာဆိုတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့ ။ သူတို့ကိုလည်း တိုက်တွန်းရတယ်။ details လိုက်မှတ်ပြီး analysis လုပ်ရတယ်။ အဲ့ဒီလုပ်တုန်းက ကျွန်မရဲ့ Supervisor ကလည်း ဒီ Process တွေမှာ အများကြီးအကူအညီပေးပါတယ်။
#မေး- ဒေါက်တာအနေနဲ့ STIMU မှာ Public Health နဲ့ပတ်သက်ပြီး မဟာဘွဲ့ယူပြီးတဲ့နောက် လက်ရှိဒေါက်တာလုပ်ကိုင်နေတဲ့ အလုပ်တွေမှာ အထောက်အကူပြုတာမျိုးရှိလား။
*ဖြေ- ပြုပါတယ်။ လုပ်သက်ဘယ်လောက်များများ Academic က ရတဲ့ Knowledge နဲ့ skills ကကွာပါတယ်။ အဓိကက ကျွန်မရဲ့အလုပ်က Program Quality ဆိုတော့ Program တွေ Quality ကောင်းမကောင်း ကြည့်ရတာပေါ့ ။ အဲ့ဒီမှာအရင်ကဆို ကိုယ့်ရဲ့ team ကို ကိုယ်က ဦးဆောင်ပြီးလုပ်ရမယ့် အချိန်မျိုးမှာ သေချာမသိတာတွေရှိတယ်။ အခုတော့ တကယ်သိတော့ ၊ ကိုယ်က ပြန်ပြီး feedback ကောင်းကောင်းပေးမယ်၊ Process lead လုပ်နိုင်သွားတော့ Research လုပ်တဲ့ အခါမျိုးမှာ ပိုပြီးကောင်းကောင်း လုပ်နိုင်လာပါတယ်။
#မေး-ဒေါက်တာရဲ့အနာဂတ်ရည်မှန်းချက်နဲ့ short term နဲ့ Long term Plan အနေနဲ့ အစီအစဥ်ဆွဲထားတာရှိရင် သိချင်ပါတယ်။
*ဖြေ-ရည်မှန်းချက် အနေနဲ့တော့ Public Health ဘာသာရပ်ကိုအရမ်းစိတ်၀င်စားမိတော့ ပိုပြီးလေ့လာချင်မိတယ်။ လေ့လာဖို့လည်း ရည်ရွယ်ထားပါတယ်။ Short-term အနေနဲ့ကတော့ Public Health မှာရလာတဲ့ knowledge တွေကို ကိုယ့်ရဲ့ အလုပ်တွေမှာ ပြန်ပြီးတော့ အသုံးချပါမယ်။ ပြီးတော့ ကျွန်မရဲ့ Poster Presentation ကို ပြန်ပြီး Article ရေးပြီး ကျယ်ကျယ်ပြန့်ပြန့်လေး မျှေ၀ပေးချင်တယ်။ ပုံနှိပ်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့ ။ အဓိကကတော့ long term အနေနဲ့ မျှော်လင့်တာက Specific subject တခုခု ကို further Study အနေနဲ့ တက်နိုင်ဖို့ မျှော်လင့်ပါတယ်။ Public Health က အရမ်းကျယ်ပြန့်လွန်းတော့ ကိုယ်က general သိသွားတော့ နောက်ထပ်ပိုပြီး အသေးစိတ်လေ့လာချင်တာမျိုးပါ။ ဒီနေရာကနေပဲ ကျွန်မထပ်ၿ႔ပီးတိုက်တွန်းချင်တာလေးရှိပါတယ်။ Public Health မေဂျာက ဆရာ၀န်တွေမှမဟုတ်ပါဘူး။ လူတိုင်း န့ဲဆိုင်ပါတယ်။ လူတိုင်း ပါ၀င်နိုင်ပါတယ်။ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့အ လုပ်ကိုလုပ်ကိုင်သူတွေ ၊ လူသားအချင်းချင်းစာနာထောက်ထားတတ်တဲ့သူတွေ မြန်မာနိုင်ငံမှာ ရှိတဲ့သူတွေ အားလုံး pubic Health ကို သေချာလေ့လာနိုင်ရင်ကောင်းပါတယ်လို့ ဖြည့်စွပ်ပြောပါရစေ။ ကျေးဇူးတင်ပါတယ်။
Similar success journeys
BBA in Management (The Open University of Hong Kong)
Shein Htet Naung (Owner of Daw Kyin War Retail and Wholesale Store)
I was really excited in my first day in STI Myanmar University and I was a little bit…
STIMU ၏ MSc ( Public Health) မဟာဘွဲ့ scholarship ရရှိခဲ့သော ဒေါက်တာ…
Dr. KYAW KYAW CHO
မေး - မင်္ဂလာပါဆရာ ၊ ဆရာက scholarship နဲ့ STI Myanmar University မှာ MSc( Public Health) တက်ရောက်ခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။ ဆရာရဲ့…
BBA in Management (The Open University of Hong Kong)
Thant Naing Tun (Dean List Award (Spring Term) Platinum Award Students from STI Myanmar University)
The demand for quality mangers is increasing along with the emerging segment of foreign investments which in turn…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →