← Back to Success Stories
University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့်သော BA (Hons) Business Administration ဘွဲ့ကို 1st Class ဖြင့်အောင်မြင်ခဲ့ပြီး City Mart Holding Ltd တွင် “Merchandising Coordinator” အဖြစ် တာ၀န်ထမ်းဆောင်ရင်း MBA တက်ရောက်နေသူ မခန့်ခန့်ကျော် နှင့် တွေ့ဆုံခြင်း
Khant Khant Kyaw
• ပထမဆုံး ညီမလေးရဲ့ နာမည်နဲ့ STI မှာ ညီမလေး ရရှိခဲ့တဲ့ ဘွဲ့တို့ကို မိတ်ဆက်ပေးပါဦး။
• ညီမက မခန့်ခန့်ကျော်ပါ ။ STI Myanmar University ကနေ University of Bedfordshire (UK) က တိုက်ရိုက်ချီးမြှင့်တဲ့ BA(Hons) Business Administration ဘွဲ့ကို 1st Class နဲ့ ရရှိထားပါတယ်။
• STI ကို ညီမလေးဘယ်လိုသိပြီး တက်ရောက်ဖြစ်ခဲ့တာလဲ ။ အဲ့ဒီအကြောင်းလေး ပြန်ပြောပြပေးပါဦး
• ဆယ်တန်းအောင်ပြီးတော့ ဘယ်တက္ကသိုလ်ကို တက်ရမလဲဆိုတာမျိုး ကိုယ့်ဖာသာ စဥ်းစားနေချိန်မှာပဲ ညီမအဖေရဲ့ မိတ်ဆွေက သူ့သားSTI မှာပဲ Business တက်နေတယ်။ အရမ်းကောင်းတယ်ပေါ့ ။ သူတို့ ကလည်း ထောက်ခံတယ်။ ကိုယ်ကလည်း Private တက္ကသိုလ်ဖြစ်နေတော့ စိတ်၀င်စားတယ်။ ဒါနဲ့ပဲ တက်ရောက်ဖြစ်ခဲ့တာပါ။
• ညီမက Business မေဂျာကိုယူဖြစ်ခဲ့တာကျတော့ကိုယ့်ရဲ့ ရွေးချယ်မူနဲ့လား။မိဘတွေနဲ့ တိုင်ပင်ပြီး ယူခဲ့တာလား။
• ညီမ ဆယ်တန်းပြီးတဲဲ႔ အခါကျတော့ ကိုယ်သွားချင်တဲ့ မေဂျာရဖို့ အမှတ်မမီဘူး။ ညီမက အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တယ်။ STI ကို တက်ဖို့ ရွေးချယ်ပြီးချိန်မှာကျတော့ ဒီမှာက အင်ဂျင်နီယာဘွဲ့တွေက နာမည်ကြီးပေမယ့် မိဘတွေက Business ကိုပဲ တက်စေချင်တယ်။ ကိုယ့်အတွက်ကလည်း အရမ်းကြီး အခက်အခဲမဖြစ်တော့ သူတို့ အကြံပေးသလိုပဲ Business ကိုပဲ ရွေးချယ်တက်ရောက်ခဲ့ပါတယ်။ နောက်တော့ ညီမက စီးပွားရေးလိုင်းမှာ စိတ်၀င်စားသွားတော့ BA ဘွဲ့ရပြီးတဲ့အခါ MBA ( General) ကိုလက်ရှိ STI မှာပဲ ဆက်တက်ဖြစ်နေတယ်။ အခုပထမနှစ်ရဲ့ ပထမနှစ်၀က်ပြီးသွားပါပြိ။
• ဒါဆို STI မှာ BA(Hons) Business Administration ရော ၊ MBA ကိုတက်ဖြစ်တော့ ကွာခြားမူတွေကဘယ်လိုရှိလဲ။
• Foundation BA တန်း မှာတော့ ကလေးတန်းဆိုတော့ စာသင်ပေးတာ ပိုများပေမယ့် Discussion တွေလည်း အထိုက်အလျောက်လုပ်ရတယ် ။ အခုလက်ရှိ MBA မှာတော့ Discussion တွေပိုလုပ်ရတယ်။ ပြီးတော့ ဒီမှာ ကျောင်းတက်ရတာ တခြားကျောင်းတွေနဲ့ ကွာတာက Critical Thinking တွေပိုများ လာတယ်။ ပြောရဲဆိုရဲလည်းရှိလာတယ်။ ဘာလို့လည်းဆိုတော့ ညီမတို့က BA အတန်းများကတည်းက Presentation တွေ တောက်လျှောက်လုပ်နေရတော့ အတွေ့အကြုံ ကောင်းတွေရခဲ့တယ်။ သူများကျောင်းတွေနဲ့ မတူတာက လက်တွေ့ မလုပ်ခင်ကတည်းက သီအိုရီနဲ့ စာတွေ့တွေ ကို Project တွေအဖြစ် ပိုပိုပြီးလုပ်ခဲ့တယ်။ ဒါတွေက ဘ၀မှာတောက်လျှောက် အကျိုးပြုတယ်လို့ပဲ ပြောချင်ပါတယ်။
• ညီမလေးက University of Bedfordshire (UK) ကချီးမြှင့်ပေးတဲ့ Platinum Award ဆုကို ရခဲ့တယ်သိရတယ်။ အဲ့ဒီအကြောင်းလေးလည်း မျှပေပေးပါဦး
• ညီမထင်တာကတော့ ညီမတက်တဲ့ နှစ်တိုင်းမှာ ဆုရခဲ့တယ်ပေါ့နော်။ အဲ့ဒါကြောင့် ဒီဆုကိုချီးမြှင့်တယ်လို့ ထင်ပါတယ်။
• ညီမက ဘာဆုတွေရခဲ့တာလဲ။ဘာကြောင့် ဒီဆုကိုချီးမြှင့်တယ်ထင်လဲ။
• Foundation အတန်းမှာ Second Prize နဲ့ ကျန်တဲ့ နှစ်တွေမှာ First Prize ရခဲ့ပါတယ်။ Final မှာအောင်တော့ 1st Class ထဲညီမပါသလို တခြား သူငယ်ချင်းတွေလည်းပါကြတယ်။ ဒါပေမဲ့ Platinum Award ကိုတော့ ညီမပဲ ရခဲ့တာမို့ ဘာကြောင့် ချီးမြှင်တာလဲဆိုတာတော့ သေချာမသိပါဘူး။ ညီမထင်တာတော့ အရင်နှစ်တွေတုန်းကလည်း နှစ်စဥ် ဆုတွေရခဲ့လို့ ဖြစ်ပါလိမ့်မယ်။
• ဒါဆို STI မှာ ကိုယ်သင်ကြားခွင့်ရတဲ့ လေးနှစ်တာကာလလောက် အတွင်းမှာ ခုလိုထူးချွန်ပြီး ဆုတွေရအောင် ဘယ်လိုကြိုးစားမူတွေလုပ်ခဲ့လဲ။
• Foundation အတန်းတုန်းကတော့ ညီမက စာကျက်ဖြစ်တယ်။ ကျန်တဲ့ အတန်းတွေကျ စာကိုချည်းကျက်တာမဟုတ်ပဲ အတန်းမှန်မှန်တက်တယ်။ ပြီးတော့ ဒီမှာသင်ခဲ့တဲ့ အချိန်မှာလည်း ဆရာမတွေက အပြင်က Case တွေပေးပြီး ပြန်ဆွေးနွေးရတာတွေများတော့ စိတ်၀င်စားတယ်။ ကိုယ်ရဲ့ အပြင်က ကြားဖူးတာတွေရယ်၊ ဆရာမတွေပေးတဲ့ Example တွေရယ် ပြန်ရေးတာများတယ်။ နားလည်အောင် ကိုယ့်ဖာသာလုပ်တယ်။ ကျက်တာတွေမရှိတော့ဘူး။ Final မှာစာတွေကများလည်းများလာသလို ၊ပိုလည်းခက်လာတယ်။ ကိုယ်က limit တစ်ခုတည်းလုပ်ပြီးဖြေလိုက်ရင် UK ကစစ်တာဆိုတော့ သိပ်ပြီးတန်းမ၀င်ချင်ဘူး။ ဒါကြောင့် အပြင်စာတွေလည်း ဖတ်ပေးရတယ်။ Journal Article တွေလည်း များများဖတ်ရတယ်။ ပထမ ၊ ဒုတိယနှစ်တွေမှာ Text ထဲက အကြောင်းအရာတွေကို ကိုယ့် own sentence တွေနဲ့ နားလည်သလို ပြန်ရေးရုံနဲ့ idea တူရင်အဆင်ပြေပေမယ့် ၊ Final မှာတော့ အပြင်ကအကြောင်းအရာတွေထဲက idea တွေနဲ့ပြန်ရေးပေးတာကို သူတို့ ပိုကြိုက်တယ်။ ဒီတော့ စာအများကြီးဖတ်ရတယ်။ များများလေ့လာရပါတယ်။
• တစ်နှစ်နဲ့ တစ်နှစ် ဆုတွေရပြီး နောက်ဆုံး နှစ် အထိ Platinum Award ပါရအောင် ညီမလေး ဘယ်လို စိတ်အားထက်သန်မူတွေ နဲ့ စိတ်ပိုင်းဆိုင်ရာကို တည်ဆောက်ထားလဲ။
• အဓိကက စိတ်ပါ၀င်စားမူရှိတာပါပဲ ။ ညီမပြောသလို ဆယ်တန်းပြီးတော့ ညီမ အင်ဂျင်နီယာတက်ချင်တယ်။ တကယ်တမ်းတက်တော့ Business ဖြစ်ပေမယ့် ဒီဘာသာကို ညီမ သဘောတွေ့တယ်။ သဘောတွေ့အောင်လည်း နားလည်အောင်ကြိုးစားခဲ့တယ်။ အဲ့ဒါတွေကပဲ ညီမကို ပြန်ပြီးတွန်းအားတစ်ခုလို ပိုပြိးသိချင် ၊ပိုပြိး လေ့လာချင်အောင်ဖြစ်စေတာပါပဲ ။ အခုဆိုလည်းပထမ MBA ကို နိုင်ငံခြားမှာတက်ဖို့ စဥ်းစားခဲ့ဖူးပေမယ့် ၊ကျောင်းကလည်း ကိုယ့်ကို Scholar ပြန်ပေးတော့ ဒီမှာပဲ တက်ဖို့ဆုံးဖြတ်လိုက်တယ်။ ကျောင်းက ၅၀% scholar ပေးပါတယ်။ ဒါကြောင့် ညီမလေ့လာချင်စိတ်ကပဲ ညီမကို ဒီလမ်းကြောင်းပေါ်အောင်မြင်ချင်လာအောင် တွန်းအားပေးတယ်လု့ိ႔ပဲ ဆိုချင်ပါတယ်။
• ညီမလေး BA (Hons) Business နဲ့ပြီးချိန် MBA မတက်ခင် အလုပ်တန်းရတယ်လို့ သိရတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပါအုန်း။
• ညီမက BA ဘွဲ့ရပြီး (၅)လလောက် နားပြီး City Mart မှာ Merchandising Coordinator အဖြစ် အလုပ်၀င်ဖြစ်ပါတယ်။ Master တက်ခါနီးဖြစ်သွားတာဆိုတော့ Position ကတော့ သိပ်မမြင့်ဘူး။ အလုပ်အတွေ့အကြုံအနေနဲ့ အရင်ကတည်းက UK ရဲ့ သင်ရိုးနဲ့ ကျောင်းပြီးတာဆိုတော့ MBA မပြီးသေးတာတောင် သီအိုရီနဲ့ လက်တွေ့နဲ့ ကိုညီမတို့ ကောင်းကောင်းသိပြီး အသုံးချတတ်ပါတယ်။ အလုပ်ထဲမှာ အတော်ဆုံးမဟုတ်တောင် အတူတူ ၀င်တဲ့သူတွေထက် နည်းနည်းတော့သာတယ်လို့ ညီမပြောချင်ပါတယ်။
• ဂျူနီယာကျောင်းသားလေးတွေကိုလည်း အမှတ်တွေကောင်းကောင်းနဲ့ အောင်အောင် အကြံပေးစကားတွေ ပြောပေးပါဦး
• အဓိကကတော့ ကိုယ့်စိတ်နဲ့ပဲ ဆိုင်ပါတယ်။ ညီမဆိုလည်း Foundation တက်တုန်းက အဲ့ဒီလောက်စိတ်မ၀င်စားဘူး။ မိဘတွေတက်ခိုင်းလို့သာတက်လိုက်တာ။ ဒါကြောင့် ညီမပြောချင်တာက မိဘတွေတက်ခိုင်းလိုပဲဖြစ်စေ ကိုယ့်ရွေးချယ်မူကြောင့်ပဲ ဖြစ်စေ ကိုယ့်စိတ်က အရေးကြီးဆုံးပဲ ။တကယ်တော့ Business Management ဆိုတာ အရမ်းစိတ်၀င်စားဖို့ ကောင်းတဲ့ ဘာသာရပ်ပါ.။ အပြင်လောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ခံစားပြီးသင်လို့ရပါတယ်။ အပြင်မှာဆို ဘယ်လိုဖြစ်နိုင်တယ် ဆိုတာမျိုးကိုယ့်စိတ်ကနေ စဥ်းစားပြိးလေ့လာကြည့်တော့ စာတွေကပိုလွယ်သွားတယ်။ ဒီတော့ စာမေးပွဲတွေကို အမှတ်ကောင်းကောင်းန့ဲ ဖြေနိုင်သွားတယ်။
• ညီမလေးရဲ့ အနာဂတ်ရည်မှန်းချက်လေးလည်း ပြောပြပါဦး.။
• အောင်မြင်တဲ့ စီးပွားရေးပညာရှင်ဖြစ်ချင်တယ်။ ဒါပေမဲ့ ညီမက အစားအသောက်ဖက်ကိုပိုသွားချင်တာ။ စားသောက်ဆိုင်ဖွင့်တာတွေ ၊ မြန်မာနို်င်ငံက အစားအသောက်တွေကို နိုင်ငံခြားအထိ တင်ပို့နိုင်တဲ့သူ တစ်ယောက်ဖြစ်ချင်ပါတယ်။ ရည်မှန်းချက်ကို အဲ့ဒီလိုလေးတွေးထားပါတယ်။
• STI ကိုရော ဘာပြောချင်သေးလဲ။
• UK က ဘွဲ့ကို ဒီနိုင်ငံမှာဘဲ ယူခွင့်ရအောင် ကူညီပေးတဲ့ STI ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ UK က ဘွဲ့လက်မှတ်ဆိုတော့ ဘယ်နိုင်ငံသွားအလုပ်လုပ် ၊ ကျောင်းတက်တက် အဆင်ပြေမယ်လို့ ယုံကြည်တယ်။ တခြားကျောင်းတွေနဲ့ ယှဥ်ရင် ဒီကျောင်းမှာ တက်တာက ပိုလည်း အမြင်ကျယ်စေပါတယ်။ စာကြီးပဲ ကျက်ပြီး စာကြီးပဲဖြေရတာမဟုတ်ဘူး။အရည်သွေး ပြည့်မပြည့် အမှန်တကယ်စစ်ပေးတာမို့ STI ကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။