Study Tour to Yangon Stock Exchange (YSX)
Study Tour to Yangon Stock Exchange
‘Stock ဈေးကွက်’ အကြောင်းကို လူကိုယ်တိုင် ကွင်းဆင်းလေ့လာခွင့်ရခဲ့ရင်…?
ကျောင်းပြီးရင် အလုပ်ချက်ချင်းရဖို့ဆိုတာ
စာတွေ့တင်မက “လက်တွေ့ ဘယ်လောက်သိလဲ” ဆိုတဲ့
အပေါ်မှာလည်း မူတည်တာကြောင့် STI Myanmar College မှ
ကျောင်းသား၊ ကျောင်းသူများကို မြန်မာနိုင်ငံရဲ့ အရေးပါဆုံး
ဘဏ္ဍာရေးဈေးကွက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့
Yangon Stock Exchange (YSX) သို့ စီမံခန့်ခွဲမှုစနစ်များ
လေ့လာခွင့်ရအောင် Study Tour ပြုလုပ်ခဲ့ပါတယ်ရှင်။
ဒီလေ့လာရေး ခရီးစဉ်မှာ
Edutainment of Stock Market
Overview of Capital Market
Legal Framework
About YSX
Listing Criteria and Listing Process
Trading Rules of YSX များ အကြောင်းကို
Yangon Stock Exchange ရဲ့ Chief Operating Officer U Min Thu ကိုယ်တိုင် ကျောင်းသားတွေအတွက် စေတနာအပြည့်နဲ့ အသိပညာများ မျှဝေပေးခဲ့ပါတယ်။
အခုလို အချိန်ပေးပြီး အသိပညာများ မျှဝေပေးခဲ့တဲ့ Yangon Stock Exchange ရဲ့ Chief Operating Officer ဆရာ ဦးမင်းသူကိုလည်း STI Myanmar College မှ ကျေးဇူး အထူးတင်ရှိပါတယ်ရှင်။
STI ကျောင်းသားများမှလည်း အမှတ်တရ လက်ဆောင်များ ပြန်လည် ပေးအပ်ခဲ့တဲ့
ပျော်ရွှင် ဗဟုသုတရဖွယ် လေ့လာရေး ခရီးဖြစ်ခဲ့ပါတယ်။