Study Tour to KM Terminal
“Logistics & Supply Chain ဆိုတာ စာသင်ခန်းထဲမှာပဲ လေ့လာရုံနဲ့ ပြည့်စုံသွားတဲ့ ပညာရပ်မဟုတ်ပါဘူး။ လက်တွေ့မြေပြင်မှာ ကုန်စည်စီးဆင်းမှုတွေ ဘယ်လိုလည်ပတ်နေလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ လေ့လာဖို့က အင်မတန်အရေးကြီးပါတယ်။”
ဒါကြောင့်လည်း စာတွေ့နဲ့ လက်တွေ့ကို အကောင်းဆုံး ပေါင်းကူးပေးနိုင်ဖို့ မကြာသေးမီက STI Myanmar College မှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများကို KM Terminal & Logistics Co.,Ltd “Dry Port” ဆီသို့ Field Trip သွားရောက်လေ့လာခဲ့ကြပါတယ်။
ဒီခရီးစဉ်လေးမှာဆိုရင် KM Terminal & Logistics Co.,Ltd “Dry Port” ရဲ့ Director ဖြစ်တဲ့ Captain ဦးဝင်းနိုင်ညွန့် ကိုယ်တိုင်က နွေးနွေးထွေးထွေး ကြိုဆိုပေးခဲ့ပြီး Dry Port တစ်ခုရဲ့ လုပ်ငန်းလည်ပတ်မှု အဆင့်ဆင့် (Operation Processes) တွေကို သေသေချာချာလေး ရှင်းပြပေးခဲ့ပါတယ်။ ဒါ့အပြင် Logistics & Supply Chain Management ဆိုတာ လက်ရှိစီးပွားရေးကဏ္ဍမှာ ဘယ်လောက်တောင် အရေးပါနေလဲဆိုတာကိုပါ လက်တွေ့ လုပ်ငန်းခွင် ရှုထောင့်ကနေ ဗဟုသုတရဖွယ် ဆွေးနွေးမျှဝေပေးခဲ့ပါတယ်။
ကျောင်းသား၊ ကျောင်းသူလေးတွေ ကိုယ်တိုင်လည်း Warehouse တွေဆီထိ ကွင်းဆင်းသွားရောက်ပြီး တကယ့် လုပ်ငန်းခွင် အခြေအနေတွေကို အနီးကပ် လေ့လာခွင့်ရခဲ့ကြလို့ အင်မတန်ကို အကျိုးရှိလှတဲ့ ခရီးစဉ်လေးတစ်ခု ဖြစ်ခဲ့ပါတယ်ရှင်။
Industry Expert တွေဆီကနေ တိုက်ရိုက် သင်ယူခွင့်ရခဲ့ပြီး လုပ်ငန်းခွင်မဝင်ခင် အဖိုးတန် အတွေ့အကြုံကောင်းတွေ ရရှိခဲ့တဲ့ STI Myanmar College က ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ စိတ်ဝင်စားစရာ Field Trip မြင်ကွင်းလေးတွေကို ဒီဗီဒီယိုလေးထဲမှာ အတူတူ ကြည့်လိုက်ကြရအောင်နော် 👇✨