NEWS FEED Of STIMU


  • Home -
  • STI Myanmar University ၏ Architecuture ကျောင်းသား/သူ များ ၏ ဟောင်ကောင် လေ့လာရေးခရီးစဉ်
research
  • 21.6.2019
STI Myanmar University ၏ Architecuture ကျောင်းသား/သူ များ ၏ ဟောင်ကောင် လေ့လာရေးခရီးစဉ်
  • By Admin
  • forum
  • 21.6.2019

STI Myanmar University နှင့် University of Bedfordshire (UK) တို့ ပူးပေါင်းဖွင့်လှစ်သော BEng(Hons) Architectural Engineering ဂုဏ်ထူးတန်း ဘွဲ့သင်တန်းမှ ဒုတိယနှစ်တက်ရောက် နေသော ကျောင်းသား/သူ (၈)ဦးသည် ကမ္ဘာ့ အဆင့်မီ အထင်ကရဗိသုကာ ပညာရပ်များ လေ့လာ ဆည်းပူးရန်၂၀၁၉ခုနှစ် ဇွန်လ ( ၂၁) ရက်နေ့မှ (၃၀)ရက်နေ့အထိ တရုတ်နိုင်ငံ ဟောင်ကောင်မြို့သို့ ပညာသင်လေ့လာေ ရးခရီးအဖြစ်သွား ရောက်ခဲ့ကြပါသည်။ STIMU ၏ Lecturer, Israeli Architect Mr. Guy Nir , Blue Temple Co.Ltd မှ Senior Architect Raphael Monnier တို့၏ ဦးဆောင်မူနှင့်အတူ ဇွန်လ(၂၁)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာပြီး တရုတ်နိုင်ငံ ဟောင်ကောင်မြို့သို့ရောက်ရှိကာ ဟောင်ကောင်မြို့၏ အထင်ကရအဆောက်အဦးမျာ ဖြစ်သော Bank of China Tower , HSBC building, Prince of Wales Building, Central Government Complex of HKSAR စသည့်အဆောက်အဦးများကို ကြည့်ရူလေ့လာပြီး ဗိသုကာလက်ရာများကို အချင်းချင်းဆွေးနွေခဲ့ ကြ ပါသည်။ ဇွန်လ (၂၂)ရက်နေ့ တွင် The Chinese University of Hongkong (CUHK) သို့သွားရောက်ခဲ့ပြီး Introduction Grasshopper Workshop ကိုပြုလုပ်ခဲ့ပြီး ညနေပိုင်းတွင် Kowloon Walled city park သို့သွားရောက်ခဲ့ပြီး Site Research ပြုလုပ်ခဲ့ပါသည် ။ ဇွန်လ (၂၃)ရက်နေ့နှင့် (၂၄) ရက်နေ့များတွင် “ Grasshopper” Workshop ကိုဆက်လက်ပြုလုပ်ခဲ့ကြပြီး Kowloon Walled city park နှင့်ပတ်သက်သည့် project များကိုလည်း လေ့လာခဲ့ကြပါသည် ။ ဇွန်လ (၂၅)ရက်နေ့တွင် Mid Term Presentation Architectural tour အဖြစ် Supreme Court Building အပါအ၀င် ဟောင်ကောင်မြို့ရှိ အဆောက်အဦးများ၏ ဗိသုကာလက်ရာများကို သွှားရောက်လေ့လာခဲ့ကြပါသည်။ ဇွန်လ (၂၆)ရက် နေ့တွင် PhD ကျောင်းသား/သူများက Digital Architecture နှင့်ပတ်သက်၍ Presentation ပြုလုပ်ခဲ့ကြပြီး STI Myanmar University မှ ကျောင်းသား/သူများက လည်း Studio design Works နှင့်ပတ်သက်ပြီး အဖွဲ့လိုက် Presentation ပြုလုပ်ခဲ့ပါသည် ။ ဇွန်လ (၂၇)ရက်နေ့တွင် Architectural tour နှင့် Farm Visit ကိုပြုလုပ်ခဲ့ကြပါသည်။ ဆက်လက်၍ ဇွန်လ (၂၈)ရက်နေ့ Grasshopper Workshop ကိုပြုလုပ်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့တွင် ကျောင်းသား/သူများက final Presentation ကိုပြုလုပ်ခဲ့ကြပြီး မြို့တွင်းသို့ လှည့်လည်ကြည့်ရူကာ ပြင်ပ ဗဟုသုတများလေ့လာခြင်း ၊ အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခြင်း ၊ မြို့တွင်းသို့ လှည့်လည်ကြည့်ရှုခြင်း များ ပြုလုပ်၍ ဇွန်လ (၃၀)ရက်နေ့တွင် ဟောင်ကောင်မြို့ မှ ပြန်လည်ထွက်ခွာလာပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

News Feed

  • news

    Industry Visit to HAGL Myanmar Co.Ltd

    လုပ်ငန်းခွင်ဝင်‌ေရာက်ရန် အဆင်သင့်ဖြစ်သည့် အရည်ချင်းပြည့်ဝသူများဖြစ်စေရန်နှင့် စာတွေ့အပြင် လုပ်ငန်းခွင် အတွေ့အကြုံများပါ readmore
  • news

    Industry Visit to 2C2P

    စာတွေ့သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိစေရန် STI Myanmar University မှ ဆရာမများနှင့်အတူ Engineering and Business readmore
  • news

    Industry Visit to PEB

    STI Myanmar University Yangon Campus မှ Engineering Major တက်ရောက်နေသောreadmore
  • news

    Industry Visit to Genius

    STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှreadmore

Events

Welcome to STI Myanmar University

STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..

Scholarship Facility

Make the right choice : Prestige Myanmar University apply now..

Skilled Lecturers

STI faculty members are diverse with different cultural backgrounds from different parts of Myanmar and the world. read more..

Our Success Stories

most of the great success stories of the our university.read more..