NEWS FEED Of STIMU


  • Home -
  • ၁၂ ကြိမ်မြောက်ကျင်းပခဲ့ သော STI Myanmar University ၏ ဘွဲ့နှင်းသဘင်အခမ်းအနား
research
  • 16,12,2018
၁၂ ကြိမ်မြောက်ကျင်းပခဲ့ သော STI Myanmar University ၏ ဘွဲ့နှင်းသဘင်အခမ်းအနား
  • By Admin
  • forum
  • 16,12,2018

STI Myanmar University ၏ ၁၂ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၁၆) ရက်နေ့ တွင် ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ Pullman Hotel Yangon တွင် ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် အခမ်းအနားကိုစတင်ခဲ့ပါသည်။ ထို့နောက် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ ပြီး STIMU နှင့် မိတ်ဖက်တက္ကသိုလ်တစ်ခုဖြစ်သော အင်္ဂလန်နိုင်ငံ Uniersity of Bedfordshire မှ Vice Chancellor Mr.Bill Rammell မှလည်း ဂုဏ်ပြု နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် MBA, MSc ( Nutrition & Dietetics) MSc (Public Health) မဟာဘွဲ့များ , BA (Hons ) နှင့် BBA in Management ဘွဲ့များ၊ Diploma နှင့် Foundation Business သင်တန်း အသီးသီးမှ ထူးချန်ဆုရရှိသူများနှင့် ဘွဲရသူများအား နံနက်ပိုင်းတွင် အောင်လက်မှတ်နှင့် ဆုများချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် အထူးဧည့်သည်တော်အဖြစ် ထိုင်းနိုင်ငံမဟိဒေါတက္ကသိုလ် အစာအာဟာရ ပညာဌာန၏ အကြံပေးအဖွဲ့ဝင်၊ ထိုင်းနိုင်ငံ အစာအာဟာရပညာရှင်အသင်း၏ ဥက္ကဌ Professor Chanida Pachotikarn မှ တက်ရောက်ချီးမြှင့်ပြီး အစာအာဟာရဆိုင်ရာ မဟာဘွဲ့ရရှိသူများအား အစာအာဟာရပညာရှင်တံဆိပ်များ အပ်နှင်းခဲ့ပါသည်။
အခမ်းအနားကို နေ့လည်ပိုင်းတွင် တစ်ကြိမ်ကျင်းပ၍ BEng (Hons) , Civil Engineering, Architectural Engineering, Civil Architectural Engineering ဘွဲ့များ၊ Engineering Program အသီးသီးမှ Advance Diploma နှင့် Foundation အောင်မြင်ပြီးစီးသူများအပြင် Supply Change Management ၊ ဆရာဖြစ် ဒီပလိုမာနှင့် Program များမှ ထူးချွန်ဆုရရှိသူများနှင့် ဘွဲ့ရသူများအား နေ့လည်ပိုင်းတွင် အောင်လက်မှတ်နှင့် ဆုများ ချီးမြှင့်ခဲ့ပါသည်။ အခမ်းအနားတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း မှ STI Myanmar University ၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် အတူ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။ ထိုအခမ်းအနားသို့ အင်္ဂလန်နိုင်ငံ University of Bedfordshire မှ Vice Chancellor Mr.Bill Rammell နှင့် Executive Dean of Academic Partnership Professor Helen Bailey ၊ STI Myanmar University မှ President ဒေါ်ခင်အေးဝင်းနှင့်တကွ ၊ Board of directors များ ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ၊ ကျောင်း အုပ်ချုပ်ရေးနှင့် သင်ကြားရေးအဖွဲ့ ၀င်ဆရာ၊ဆရာမများ ၊ ကျောင်းသားမိဘဆွေမျိုးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဘွဲ့နှင့်အောင်လက်မှတ်ရရှိထား သော မေဂျာ အသီးသီးမှ ကျောင်းသားကျောင်းသူများ (၇၀၀) ကျော် တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

News Feed

  • news

    Industry Visit to HAGL Myanmar Co.Ltd

    လုပ်ငန်းခွင်ဝင်‌ေရာက်ရန် အဆင်သင့်ဖြစ်သည့် အရည်ချင်းပြည့်ဝသူများဖြစ်စေရန်နှင့် စာတွေ့အပြင် လုပ်ငန်းခွင် အတွေ့အကြုံများပါ readmore
  • news

    Industry Visit to 2C2P

    စာတွေ့သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိစေရန် STI Myanmar University မှ ဆရာမများနှင့်အတူ Engineering and Business readmore
  • news

    Industry Visit to PEB

    STI Myanmar University Yangon Campus မှ Engineering Major တက်ရောက်နေသောreadmore
  • news

    Industry Visit to Genius

    STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှreadmore

Events

Welcome to STI Myanmar University

STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..

Scholarship Facility

Make the right choice : Prestige Myanmar University apply now..

Skilled Lecturers

STI faculty members are diverse with different cultural backgrounds from different parts of Myanmar and the world. read more..

Our Success Stories

most of the great success stories of the our university.read more..