“Turning a Skill into a Business”
STI Myanmar College ရဲ့ ဂုဏ်ဆောင်ကျောင်းသူဟောင်း (Alumna) တစ်ဦးဖြစ်တဲ့ Ms Thet Htet Soe San – BA(Hons)Business Administration Graduate ကိုယ်တိုင် ပြန်လည်မျှဝေပေးခဲ့တဲ့ “Turning a Skill into a Business” Seminar လေးကတော့ မနေ့က အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ✨
ဒီပွဲလေးမှာ “Burmese Sheek” ရဲ့ Founder ဖြစ်သူ Ms Thet Htet Soe San က စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဖို့အတွက် လိုအပ်တဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေကို စိတ်အားထက်သန်စွာနဲ့ ဆွေးနွေးပေးခဲ့ပါတယ်။ 🎓
ကျောင်းသား၊ ကျောင်းသူတွေဘက်ကလည်း Business Ideas တွေကို တက်တက်ကြွကြွနဲ့ အတူတူ Brainstorm လုပ်ခဲ့ကြသလို၊ Q & A Section မှာလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ကြတာကြောင့် တကယ်ကို အသက်ဝင်တဲ့ Seminar လေးတစ်ခု ဖြစ်ခဲ့ရပါတယ်။ 🚀
ကိုယ့်ကျောင်းကထွက်တဲ့ စီနီယာတစ်ယောက်အနေနဲ့ အဖိုးတန်တဲ့ အချိန်တွေကို ပေးဆပ်ပြီး မျိုးဆက်သစ် မောင်လေး၊ ညီမလေးတွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်မျှဝေပေးခဲ့တဲ့အတွက် STI Myanmar College မှ အထူးပင် ကျေးဇူးတင်ရှိပြီး အမှတ်တရ လက်ဆောင်လေးကိုလည်း ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။ 🎁
ဒီပွဲလေးကနေ ရရှိလိုက်တဲ့ အကြံဉာဏ်တွေက ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ် ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်! 🌟