Interview with Daw Hnin Si Mother of Khant Min Lwin (MBA – HHSM and BA(Hons)Business Administration Graduate – University of Bedfordshire UK)
Daw Hnin Si, Mother of Khant Min Lwin
August 2026
Interview with Daw Hnin Si
Mother of Khant Min Lwin (MBA - HHSM and BA(Hons)Business Administration Graduate - University of Bedfordshire UK)
Managing Director - Santhawdar Eye Hospital
Founder - D Lounge Restaurant
🌟အစ်မက STI မှာ MBA (Hospital and Health Services Management) နဲ့ BA(Hons) Business Administration ဘွဲ့များရရှိထားတဲ့ မောင်ခန့်မင်းလွင်ရဲ့ မိခင် ဒေါ်နှင်းဆီလို့ သိရပါတယ်။ သားရဲ့ပညာရေးအတွက် STI ကို ရွေးချယ်ဖြစ်ခဲ့ပုံကို ပြောပြပေးပါ။
• ဟုတ်ကဲ့။ ကျွန်မရဲ့သားကြီးက MICT park ထဲမှာ ကွန်ပြူတာ တက်တော့ STI ကိုမြင်နေရတော့ စိတ်ဝင်စားလို့ သားလတ် ခန့်မင်းလွင်အတွက် ကိုယ့်ဖာသာပဲ လာစုံစမ်းပြီး ဖြစ်ခဲ့ပါတယ်။ သားလတ်က စီးပွားရေးလုပ်ဖို့ ဝါသနာပါတယ်။ ဆယ်တန်းအောင်တော့ အီကိုပဲ သူတက်ချင်တယ်ပြောတယ်။ အီကိုကလည်း ရွာသာကြီးမှာဆိုတော့ ကိုယ်က လုံးဝစိတ်မချဘူး။ ဒါနဲ့ STI မှာတခေါက်သေချာစုံစမ်းပြီး သိလိုတာတွေ မေးတယ်။ အဲ့အချိန်တုန်းက STI မှာ သူ့အစ်ကိုရဲ့သူငယ်ချင်းတစ်ယောက်ကလည်း Engineering မှာ တက်နေတာရှိတော့ မေးမြန်းကြည့်တယ်ပေါ့ ။ ကျွန်မကသားကို Campus life ကိုရစေချင်တော့ ကျောင်း Activities လေးတွေရှိတာ ကြားတော့သဘောကျမိတယ်။ ကျွန်မအ မျိုးသားက eye surgeon ဆိုတော့ သူ့လိုင်းကို လိုက်စေချင်ပေမဲ့ သားက ဝါသနာမပါဘူး။ ဒီတော့ ကျွန်မတို့က သူဖြစ်ချင်တဲ့ လိုင်းကိုပဲ တဖက်ပံ့ပိုးပေးလိုက်တယ် ။ ဒါနဲ့ပဲ STI မှာ BA( Hons) Business Administration တက်ဖြစ်သွားပါတယ်။
🌟STI ကို ရွေးချယ်ပြီးတက်ရောက်ဖြစ်တဲ့အခါ သားရဲ့ တိုးတက်ပြောင်းလဲမူကို ဘယ်လိုမျိုးမြင်ခဲ့ရလဲ။
• ဘယ်လိုမျိုးမြင်ရလဲဆိုတော့ သင်ရိုးတွေ သင်ကြားမူတွေကကောင်းတော့ ကလေးက တကယ်စာကိုနားလည်ပြီးတတ်တယ်။ ဒါကြောင့် ဆရာ/ဆရာမတွေကိုလည်း ကျေးဇူးတင်ကြောင်း အရင်ပြောချင်တယ်ပေါ့ ။ အခု ဘွဲ့ရတယ်ဆိုတော့ ကျွန်မတို့result ရတယ်ပေါ့နော်။ ဒါပေမဲ့ ခရီးက မဆုံးသေးဘူး။ သား ဘွဲ့ရတဲ့ အချိန်တုန်းကတောင် ကျွန်မ သူ့ကိုပြောခဲ့တယ်။ “သား ၊မင်းကို အခု Congratulation လုပ်တာက ဒါ ပထမအဆင့့်ပဲရှိသေးတယ်။ နောက်ထပ် သူလျှောက်ရမယ့် လမ်းက အရှည်ကြီး ၊သွားရတဲ့ အဆင့်တွေ အများကြီးကျန်သေးတယ်” ပေါ့ ။ အဲ့ဒီမှာမှ သားကို ကျွန်မက တာထွက်ကောင်းတယ်လို့ ပြောရမလားမသိဘူး။ STI မှာ ဘွဲ့ရပြီးတာနဲ့ သူ့ကိုချက်ချင်း ကိုယ်အားကိုးနိုင်မယ့် ဝန်ထမ်းတစ်ယောက်လို အလုပ်လုပ်ခွင့်ရလိုက်တယ်ပေါ့ ။ ဒါက သူ့ရဲ့ တိုးတက်မူတွေရဲ့ရလာဒ်ပေါ့ ။ သူကအခုငယ်လည်းငယ်သေးတယ်ဆိုတော့ မိသားစုကုမ္ပဏီမှာ အလုပ်လုပ်နေရင်းနဲ့ MBA ဆက်တက်ဖို့ တိုက်တွန်းထားတယ်။ MBA ကိုလည်း STI မှာဖွင့်တဲ့ MBA (Hospital & Health Services Management ) မှာ တက်ဖို့ စီစဉ်ပေးခဲ့ပါတယ်။
🌟ဒါဆို အစ်မတို့မိသားစု ကုမ္ပဏီမှာ သားက ဘာတာဝန်ယူပြီး အလုပ်လုပ်နေတာလဲ။
• အခု Fuji Aye Yar Co. Ltd (San Thaw Dar eye clinic) မှာ သားကို ဒါရိုက်တာအဖြစ် ကျွန်မတို့ မန်နေဂျာနဲ့အတူလက်တွဲပြီး အလုပ်လုပ်နေပါတယ်။ အဲ့ဒီမှာ အလုပ်တွေ လေ့လာသင်ယူပြီး တစ်ဖက်ကလည်း သူအတွက် Upgrade ဖြစ်မယ့်ပညာတွေကို ဆက်လက်ဆည်းပူးခိုင်းပါမယ်။
🌟ဘွဲ့ရပြီးတာနဲ့သားကို ကိုယ့်ရဲ့ကုမ္ပဏီမှာ တာဝန်ယူပြီး အလုပ်တွေ ချက်ချင်းလွှဲအပ်လိုက်တာ သားသင်ထားတဲ့ ပညာတွေကိုယုံကြည်လို့လား။ သားကိုယုံကြည်လို့လား။
• နှစ်ခုစလုံးပါပဲ ။ သူက အလုပ်ထဲရောက်တာနဲ့ အမေကိုပြောတယ်ပေါ့ ။ အမေ အမေတို့ Mission , Vision တွေ သားမကြိုက်ဘူး . ။ သားပြင်လို့ရလားပေါ့ ။ Organization Chat တွေဆွဲပြီး အလုပ်လုပ်ရမယ်ဆိုတာမျိုးတွေ ပြောတော့ သူတကယ်အလုပ်လုပ်ကြည့်ချင်တယ်။ စိတ်ဝင်စားတယ်ဆိုတာသိရတယ်။ ပြီးတော့ STI မှာတက်တုန်းက ကျောင်းစာမှာလည်း Marketing နဲ့ ပတ်သက်ပြီး သူသင်ခဲ့ဖူးတယ်ပေါ့ ။ ဒီတော့ သားကို ကျွန်မလမ်းဖွင့်ပေးလိုက်တယ်။ ကျွန်မရဲ့ မန်နေဂျာကလည်း သူ့ကို ကူညီပေးတယ်။ သားကို ကျွန်မအနေနဲ့ ကျောင်းမှာသင်ထားသမျှတွေ ကို ပြန်ချိတ်ဆက်ခွင့်ရစေချင်တယ်။ Apply လုပ်စေချင်တယ်။ ကျွန်မတို့ ကိုယ်၌လည်း ငယ်ငယ်က သင်ခဲ့ရတယ်။ ဆုံးရှုံးမူမှ ပြန်ရချက်ဆိုတာလေ။ အလုပ်လုပ်ရင်တော့ ဆုံးရှုံးမှာပဲ ဒါပေမဲ့ လုပ်ငန်းကို Cover ဖြစ်တယ်ဆိုလုပ်လိုက်ပေါ့ ။ အဲ့ဒီလိုမျိုးလေး လမ်းဖွင့်ပေးထားပေမယ့် သူ့ကိုသတိလေးထားပြီး အရမ်းကြီး မလွဲအောင် မမှားအောင် စဉ်းစားခိုင်းပြီး လုပ်ခိုင်းပါတယ်။
🌟အစ်မတို့က BA(Hons) Administration ဘွဲ့ကို University of Bedfordshire (UK) အထိ သွားရောက်ယူခဲ့တယ်လို့ သိရပါတယ် ။ ဘွဲ့ယူဖို့စိတ်ကူးဖြစ်ပုံလေး ပြောပြပါဦး။
• အဲ့ဒါက STI မှာ စအပ်ကတည်း ဒီနိုင်ငံမှာ ကျောင်းတက်ပေမယ့်သင်ရိုးတွေက UK ကလာတယ်။ နောက်ဆုံးနှစ်ကိုလည်း UK ဘက်ကပဲစစ်မယ်ပေါ့ ။ တကယ်လို့ ဟိုဘက်မှာ ကျောင်းဆက်တက်ချင်ရင်တောင် တက်လို့ရတယ်ဆိုတာသိတော့ သူတို့ကို ဘွဲ့ရရင် UK အထိယူပေးနိုင်ဖို့ စဉ်းစားထားပါတယ်။ ကျွန်မက သားသမီး (၃)ယောက်ရှိတယ်ပေါ့ ။ သားသမီးတွေအကုန်လုံးကို နိုင်ငံခြားအတွေ့အကြုံတွေယူတဲ့အခါ အဓိက ပညာရေးကို ဦးစားပေးပေါ့ နိုင်ငံခြားမှာ ကလေးတွေဘယ်လိုကြိုးစားတယ်။ Part time ဘယ်လိုအလုပ်လုပ်တယ် ၊ နေတယ်ထိုင်တယ်ဆို တာတွေကို သိအောင် Society တွေကို လိုက်ပြတယ်။ Bedfordshire တင်မကဘူး။ Oxford ရော Student Union တွေရော ကျွန်မကလေးတွေကို အကုန်လိုက်ပြခဲ့ပါတယ်။ အမြင်မတူတာတွေရှိရင် ကောင်းတာလေးတွေယူပေါ့ မကောင်းတာ တွေတော ရှောင်ရမှာပေါ့ ။ ပြီးတော့ မြန်မာနိုင်ငံမှာတက်ခဲ့တဲ့ မြန်မာကျောင်းသားတစ်ယောက်အနေနဲ့ UK ကအသိအမှတ်ပြုဘွဲ့ကို ဟိုနိုင်ငံအထိ မိသားစုလိုက် ဂုဏ်ယူစွာနဲ့ တက်ရောက်ယူဖြစ်ခဲ့တာပါ။
🌟ဒါဆို University of Bedfordshire(UK) မှာ ဘွဲ့သွားယူတဲ့ အတွေ့အကြုံကိုလည်းပြောပြပေးပါ။
• UOB Graduation က STI Graduation ထက်နည်းနည်းစောတယ်။ STI Graduation က Lotte Hotel မှာဆိုတော့ ပိုခမ်းနားတယ်။ UOB Graduation က Church မှာလုပ်တာပါ။ အဲ့ဒီမှာက တန်ဖိုးထားမူပြတာကတမျိုးလေးပေါ့ ။ သူတို့ဘွဲ့တက်ယူတဲ့အခါ မိန့်ခွန်းတွေက အရမ်းကို တန်ဖိုးရှိပါတယ်။ နိုင်ငံတကာကျောင်းသားတွေနဲ့ အတူယူရတော့ ဂုဏ်ယူဝမ်းသာရပါတယ် ။ စင်ပေါ်မှာ ကလေးတွေကိုလက်ဆွဲနှုတ်ဆက်ပြီး စကားပြောတယ်။ အောက်ရောက်မှ ဘွဲ့လက်မှတ်ကိုပေးတာပေါ့ ။ သူတို့ဆီက ကျွန်မတို့ သဘောကျတာတစ်ခုရှိတယ်။ အဲ့ဒါကတော့ ကတ်ထူလက်မှတ်ကလေးတွေ၊ မှတ်တမ်းစာအုပ်လေးတွေနဲ့ lists of awards လေးတွေပေးတာပေါ့ ။အဲ့ဒါလေးတွေကတော့ အမှတ်တရဖြစ်တယ်။ ထိုင်ခုံလက်မှတ်လေး တွေ ကလည်း သူတို့ကျောင်းတံဆိပ်နဲ့ ထည်ဝါတယ်။ ဘွဲ့ယူတဲ့ကလေးတိုင်းအတွက် သူ့နာမည်လေးတွေပါတဲ့ T-shirt လေးတွေ အင်္ကျ ီ လေးတွေ လက်ဆောင်ပေးတော့ အမှတ်တရဖြစ်ရပါတယ်။ အဲ့ဒါလေးတွေ STI မှာ လုပ်ပေးရင်လည်း ပိုပြီးအမှတ်တရတွေဖြစ်နိုင်မယ်လို့ အတွေ့အကြုံကိုမျှရင်း ကျွန်မ အကြံပေးချင်ပါတယ် ။ ဘာလို့လဲဆိုတော့ ထိုင်ခုံနံပါတ်ကအစ ကျောင်းတံဆိပ်လေးတွေပါတဲ့ စာရွက်စာတမ်းတွေကို ကျွန်မတို့မပစ်ရတော့ဘူး ။ တန်ဖိုးထားပြီး သိမ်းထားဖြစ်ပါတယ်။
🌟ဟုတ်ကဲ့ပါ။ ဒါဆို သားရဲ့ပညာရေးကို အပြည့်အဝအားပေးကူညီခဲ့တဲ့ မိခင်တစ်ယောက်အနေနဲ့ STI ကို ဘာပြောချင်ပါသလဲ။
• ကျွန်မခုနကပြောခဲ့သလိုပါပဲ ။ သားရဲ့ပညာရေးခရီးက မဆုံးသေးပါဘူး။ အခုမှအစပဲရှိပါသေးတယ်။ဒါပေမဲ့ သူ့ ကို ကျွန်မတို့ ရွေးချယ်ခဲ့တဲ့လမ်းကြောင်းက မှန်ကန်ခဲ့တယ်ပေါ့ ။ ဒါကြောင့် သူ့အလုပ်နဲ့သက်ဆိုင်တဲ့ မဟာဘွဲ့ဖြစ်တဲ့ MBA ( Hospital & Health Services Management) ကို STI မှာ ပဲ ဆက်တက်ဖို့ ကျွန်မတို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်။ အခု MBA ဘွဲ့လဲရရှိပြီး Hospital နဲ့ Restaurant လုပ်ငန်းတွေလဲ အောင်အောင်မြင်မြင်နဲ့ ကိုယ်တိုင်ဉီးဆောင်နေပါပြီ။ ဆရာ/ဆရာမတွေရဲ့ စာသင်ကြားမူနဲ့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေကို ယုံကြည်လို့ပါ ။ ဒါကြောင့် ကျေးဇူးတင်ကြောင်းပဲ ပြောချင်ပါတယ်။
Similar success journeys
𝐒𝐓𝐈 ဘွဲ့က လုပ်ငန်းခွင်မှာ တကယ်ရော အသုံးဝင်ရဲ့လား?
𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 ရဲ့ 𝐀𝐥𝐮𝐦𝐧𝐚 တစ်ဦးဖြစ်သူ မချစ်ဆုဝေ က သူ့ရဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေကို အခုလိုပဲ ပြောပြပေးထားပါတယ်။
ကျောင်းမှာ သင်ခဲ့ရတဲ့ ပညာရပ်တွေကို အလုပ်ထဲမှာ လက်တွေ့ပြန်အသုံးချတဲ့အခါ ဘယ်လို Confident ရှိရှိ အသုံးချနိုင်ခဲ့လဲ? စာသင်ခန်းပြင်ပက Volunteering အတွေ့အကြုံတွေက လုပ်ငန်းခွင်အတွက် လိုအပ်တဲ့ Soft Skills တွေကို ဘယ်လိုမျိုး…
Graduates Employment – STIMU graduates are leading fulfilling, illuminated and…
STI Students
STIMU graduates are leading fulfilling, illuminated and rewarding lives. We are proud to hear their success stories and…
BBA in Management (The Open University of Hong Kong)
Mya Myintzu Thant
The experiences in my student life can gain outside of the classroom are just as valuable as the…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →