STI Myanmar
←Back to Success Stories
Khine Thazin

STIMU ၏ MSc ( Public Health) ဘွဲ့ရ ကျောင်းသူ ဒေါက်တာခိုင်သဇင်နှင့် တွေ့ဆုံခြင်း

Khine Thazin

July 2026

STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူကျန်းမာရေး မဟာဘွဲ့ MွSc ( Public Health ) ဘွဲ့သင်တန်းကို ဖြေဆိုအောင်မြင်ထားသူ ဒေါက်တာခိုင်သဇင် ၏ ပညာသင်ကြားခြင်းအတွေ့အကြုံနှင့် ဘ၀ဖြတ်သန်းမူ အကြောင်း ကို အကြောင်းကို ယခုကဲ့သို့ မေးမြန်းထားပါသည်။

#မေး- မင်္ဂလာပါဒေါက်တာ ၊ ဒေါက်တာက STI Myanmar University မှာ MSc (Public Health) ဘွဲ့သင်တန်းကိုတက်ရောက်အောင်မြင်ထားတယ်လို့ သိရပါတယ် ။ ဒေါက်တာနာမည်နဲ့ STIMU ကို တက်ရောက်ဖြစ်တဲ့အကြောင်းလေးပြောပြပေးပါ။

*ဖြေ- မင်္ဂလာပါ။ ကျွန်မကဒေါက်တာခိုင်သဇင်ပါ။ STI ကို Join ဖြစ်တာကျတော့ .. Public Health တက်ဖို့ စိတ်၀င်စားတဲ့ အချိန် အခွင့်အရေးကိုစောင့်နေတုန်း STI မှာ တက်လို့ရတယ်ဆိုတာသိသိချင်း အရမ်း၀မ်းသာသွားတယ်။ မြန်မာနိုင်ငံမှာ Public Health ဘွဲ့ကို နိုင်ငံတကာအဆင့်မီယူနိုင်အောင် လုပ်ပေးတာဆိုလို့ STI ပဲရှိတယ်။ ဒီတော့ ကျောင်းကို ဘယ်လောက်ခိုင်မာ တယ်။ ကျောင်းအခြေအနေဘယ်လိုရှိတယ်ဆိုတာ အရင်စုံစမ်းပါတယ် ။ ကျောင်းကလည် း ပြည်သူ ကျန်းမာရေးဘာသာရပ်တင်မကဘူး။ တခြား ဘွဲ့လွန် ဘွဲ့ကြိုတွေ မှာလည်း လူကြိုက်များတာတွေ့တော့ သဘောကျပြီးတက်ဖြစ်သွားတာပါ။

#မေး- STI ကဖွင့်တဲ့ ဒီမဟာဘွဲ့သင်တန်းမှာသင်ကြားမူအပိုင်းနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှုရှိရဲ့လား။ စာသင်ကြားမူ အတွေ့အကြုံကိုလည်း ပြောပြပေးပါ။

*ဖြေ- ဟုတ်။ အားရပါတယ်။ ကျွန်မက မိသားစုစီးပွားရေးလည်း ရှိတယ်။ ပြီးတော့ အဲ့ဒီအချိန်တက်တုန်းကဆို သားလေး ကိုယ်၀န်နဲ့ဆိုတော့ ကိုယ်က ပြည်သူ့ကျန်းမာရေးမဟာဘွဲ့ကိုသာ ယူချင်တာ၊ နိုင်ငံခြားတွေ ဘာတွေ ထွက်ဖို့ ဆိုတာ လုံး၀အဆင်မပြေဘူး ။ အိမ်ကစီးပွားရေးလုပ်ငန်းကိုလည်း ကူပေးတယ်။ ၊ မြန်မာနိုင်ငံ ဆရာ၀န်အသင်းမှာလည်း အလုပ်လုပ်တော့ မအားတာအမှန်ပဲ ။ ကျွန်မတို့လို စိတ်ကတကယ်ရှိပြီး အားလပ်ချိန်အများကြီးမပေးနိုင်တဲ့သူတွေအတွက် စနေ ၊တနင်္ဂနွေ နှစ်ရက်မှာဖွင့်တဲ့ ဒီမဟာဘွဲ့သင်တန်းက တကယ်အဆင်ပြေတယ်။ သင်ရိုးတွေက UK နဲ့ ချိတ်ဆက်ပြီးလုပ်တာဖြစ်နေတော့ စာမလုပ်ပဲနဲ့တော့ မအောင်ဘူးပေါ့ ။ စာသင်ပေးတဲ့ ဆရာ၊ဆရာမကြီးတွေကလည်း ဆေး(၁)က ပရော်ဖက်ဆာ ၊ lecturer တွေ ဖြစ်တယ်။ တကယ်လည်း အတွေ့အကြုံရှိတဲ့သူတွေဆိုတော့ အရမ်းအဆင်ပြေပါတယ်။

#မေး- ဒေါက်တာရဲ့ dissertation paper ကိုလာအိုနိုင်ငံက Conference မှာ Poster Presentation အဖြစ် တင်ပြခြင်းခံရတယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းလေး ပြောပြပေးပါဦး။

*ဖြေ- အဲ့ဒီပိုစတာက ကျောင်းမှာ dissertation paper အဖြစ်ရေးတာပေါ့ ။ အဲ့ဒီတုန်းက ကျွန်မရဲ့ supervisor က ပါမောက္ခဆရာကြီးဦးသန်းမြင့်ပေါ့ ။ သူက ကြီးကြပ်ပေးတာပါ။အကြောင်းအရာ က ဆေးကျောင်း သားတွေ TB infection control နဲ့ပတ်သက်ပြီး သူတို့မှာ ဘယ်လို knowledge ရှိလဲ။ သူတို့ရဲ့သဘောထားတွေ ၊ တီဘီရောဂာကို ဘယ်လိုထိန်းချုပ်ကာကွယ်မလဲဆိုတာတွေ မေးပြီး လုပ်ထားတာပါ။ စိတ်ကူးဖြစ်ခဲ့တာကတော့လက်ရှိက လည်း မြန်မာနိုင်ငံ ဆရာ၀န်အသင်းရဲ့ တီဘီစီမံချက်မှာ လုပ်နေတာပါ။ အဲ့ဒီမှာ Project ကနေလုပ်တ့ဲ research လေးတွေရှိတယ်။ အဲ့ဒီမှာသူတို့ရဲ့ Knowledgeရှိတယ်။ ပြီးတော့ Private Hospital တွေမှာလည်း နောက်ထပ် Project တစ်ခုမှာ research လုပ်ထားတာရှိသေးတယ်။ ဆရာ၀န်တွေအားလုံးလိုလို က တီဘီ အကြောင်းကိုသိတယ်။ ဒါပေမဲ့ တီဘီကိုဘယ်လိုထိန်းချုပ်ကာကွယ်မလဲဆို တာတွေကျတော့ အခြေခံအသိပညာ ကအစ အားနည်းနေတယ်။ ဒီတော့ တစ်ဆင့်ထပ်လျော့စဥ်းစားကြည့်တယ်။ ဆရာ၀န် မဟုတ်သေးတဲ့ ဆေးကျောင်းသား/သူ ဘ၀မှာကိုယ်ဆိုရင်ရော ဘယ်လောက်သိသလဲ ။ အခုရော ဘယ်လောက်သိလဲ ဒါကြောင့် access လုပ်ဖို့ စိတ်ကူးလိုက်တယ်။ တကယ်လို့ ဆေးကျောင်း သားဘ၀ကတည်းက သူ့ရဲ့ Curriculum ဖြစ်ဖြစ်၊ exam တွေမှာပဲ ဖြစ်ဖြစ် ဒီတီဘီ အကြောင်းကိုထည့်ပြီး လေ့လာထားမယ်ဆိုရင် သူGP ဖြစ်လာတဲ့ အခါ သူပိုသိရင် ပိုပြီး အကျိုးရှိလာနိုင်တယ်ဆိုပြီး အ့ဲဒါကို လုပ်ဖြစ်လိုက်တာပါ။

# မေး- ဒေါက်တာအနေနဲ့ တီဘီနဲ့ပတ်သက်ပြီး ပိုစတာလုပ်တဲ့အခါ အခက်အခဲတွေရှိလား။

*ဖြေ-ကျွန်မတို့က poster မလုပ်ခင် အကျဥ်းလေးပဲ အရင်ရေးရတာပါ။သူတို့လိုချင်တဲ ႔ ဘောင်ထဲ၀င်အောင်ရေးပြီး ပို့ပေးရတာပေါ့ ။ ကျွန်မသတ်မှတ်ထားတဲ့ အရေအတွက်ရအောင် ဆေး (၁) ရော ဆေး (၂) ရော၊ part (1) နဲ့ (2) က ကျောင်းသားတွေနဲ့ တွေ့ကြတာ။ တွေ့ရတာအဆင်ပြေပါတယ်။ ကျွန်မက မေးခွန်းပဲမေးပြီး သူတို့က ပြန်ဖြေပြီးတော့ ပြန်ပေးကြတာပါ။ သူတို့တွေကို မေးခွန်းက ဘာကိုဆိုလိုတယ်၊ ဘယ်လိုဖြေရမယ်ဆိုတာမျိုးလောက်ရှင်းပြတာနဲ့ သူတို့ နားလည်ပါတယ်။ အခက်အခဲတော့ ကြီးကြီးမားမား မရှိခဲ့ပါဘူး

#မေး- ဒေါက်တာ STI မှာ Public Health မဟာဘွဲ့တက်ပြီးတဲ့အခါ ဒေါက်တာရဲ့လက်ရှိအလုပ်မှာ ပြန်ပြီး Apply လုပ်ဖြစ်လား ။

*ဖြေ- အရင်ကဆိုရင်တော့ Public Health အမြင်နဲ့ သိပ်ပြီးတော့မကြည့်ဖြစ်ဘူး။ အခုတော့ တစ်ခုခုဆိုရင် ကျောင်းမှာ ဆရာကြီး ၊ ဆရာမကြီးတွေသင်ပေးခဲ့တဲ့ အသိအမြင်တွေနဲ့ စာတွေကိုကြည့်ဖြစ်၊ လူနာတွေ ကိုလည်း ကြည့်ပေးဖြစ်ပါတယ်။ အကောင်းအဆိုးကိုလည်း ပိုပြီးချင့်ချိန်ဖြစ်လာတယ်။ ဆေးပညာအနေနဲ့လည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်တွေးတတ်လာတယ်လို့ ပြောရပါမယ်။ ပိုပြီးတော့ အကျိုးရှိလာတာတော့ အမှန်ပါပဲ ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ တီဘီကတကယ့်ကို Public Health Concern ပဲ ။ မြန်မာက တီဘီအဖြစ်အများဆုံးနိုင်ငံ ၃၀ထဲမှာ တစ်ခု ဖြစ်သလို ၊ တီဘီနဲ့ HIV တွဲပြီးဖြစ်နေတဲ့ နိုင်ငံထဲမှာလည်း ပါတယ်။ ဆေးယဥ်ပါးတီဘီဆိုတာလည်း အဖြစ်အများဆုံးထဲမှာပါတယ်။ ရန်ကုန်မှာဆို ပိုဆိုးတာက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကဆေးယဥ်ပါးတီဘီဖြစ်နေတယ်။ အဲ့ဒီတော့ … တီဘီမဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့အသိကို ကျန်းမာရေး၀န်းထမ်းတွေ ၊ ကျန်းမာရေးဆရာ၀န်တွေမှန်မှန်ကန်ကန်နဲ့ နားလည်သိစေချင်တာပေါ့နော် ။ သူက ကြိုတင်ကာကွယ်လို့လည်း ရတဲ့အတွက် ပြည်သူတွေကို တီဘီနဲ့ ပတ်သက်ပြီး ရောဂာကာကွယ်မူ ရော ၊ကုသမူပါ သိနိုင်အောင် ပြည်သူတစ်ရပ်လုံးနဲ့ ကောင်းစေချင်လို့ အခုလို Public Health ကဏ္ဍအနေနဲ့ လုပ်ဖြစ်တာနေတယ်ဆိုရမှာပေါ့ ။

မေး#ဒါနဲ့ ဒေါက်တာလာအိုမှာလုပ်တဲ့ အဲ့ဒီပြည်သူ့ကျန်းမာရေးညီလာခံမှာ ဒေါက်တာရဲ့ ပိုစတာက ဆုရခဲ့တယ်လို့သိရပါတယ်။ အဲ့ဒါလေး ပြောပြပေးပါဦး

ဖြေ #အဲ့ဒီပွဲမှာ Oral Presentation က လေးယောက် ၊ poster Presentation ကလေးယောက်ပေးပါတယ်။ အစ်မက Poster Presentation လေးယောက်ထဲမှာ တတိယရတာပါ ။ Title က…“knowledge, Attitude and Practice of Tuberculosis Infection Control among Medical Students in Yangon, Myanmar” ပါ

မေး#ပွဲကအတွေ့အကြုံကိုလည်း ပြောပြပေးပါ။ ပွဲမှာ မမျှော်လင့်ပဲ မြန်မာနို်င်ငံအနေနဲ့ ဆုတစ်ဆု ၀င်တော့ ဒေါက်တာ ဘယ်လိုခံစားရလဲ။

ဖြေ#ပွဲအတွေ့အကြုံကတော့ ကျွန်မ မမျှော်လင့်ပဲရပါတယ်။ ပွဲမှာ Poster လာတင်တဲ့သူအားလုံးက ရှစ်နိုင်ငံမှာ ၂၀၀ကျော်ပါတယ်ပေါ့ ။ Oral Presentation ကအားလုံးရှေ့မှထွက်ပြောရတယ်။ အမှတ်ပေးတဲ့သူတွေလည်းရှိတယ်။ Poster Presntation ကကျတော့ ကိုယ်ပြင်ဆင်ထားတဲ့ poster ကိုဒီအတိုင်းကပ်ထားတာပေါ့ ။ ထွက် Present မလုပ်ရဘူး။ ပရော်ဖက်ဆာတွေ လိုက်ကြည့်တာတွေရှိမှာပေါ့ ။ ဒုတိယနေ့မှာ ကျွန်မက poster ကို ဓါတ်ပုံလေးတွေရိုက်နေတယ်ပေါ့နော်။ အဲ့ဒီမှာ အမျိုးသမီးတစ်ယောက်က အနားလာပြီး ဒါကမင်း Poster လားပေါ့ ။ ငါ့စိတ်ထဲ အကောင်းဆုံး Poster လို့ထင်တယ်လို့ ပြောတာပေါ့ ။ ကျွန်မစိတ်ထဲလည်း ပွဲလာတက်တဲ့ Audience လို့ပဲထင်မိတယ်။ သူငယ်ချင်းတွေက ဆုတစ်တခုခုချိတ်တော့မယ်ပြောတာပေါ့ ။ ကိုယ်ကလည်းမထင်မိဘူး။ နောက်ဆုံးနေ့ဆုကြေငြာတော့ စတုတ္ထကနေကြေငြာတာ တတိယမှာ ကိုယ့်နာမည်ကို ကြားလိုက်ရတော့ အရမ်းအ့ံသြသွားမိပါတယ်။ ကျေနပ်တာ တစ်ခုထပ်ပြောရရင် ကျွန်မကိုemail မှာလည်း သူတို့ ပြောထားတယ်ပေါ့ ။ ရွေးချယ်ခံရရင် Printed လုပ်ဖို့ ပို့ပေးရမယ်လို့ ပြောထားတော့ သူတို့နဲ့ချိတ်ထားတဲ့ နိုင်ငံတွေဆီ ကိုယ်ကြိုးစားထားတာလေး ပျံ့နှံ့တော့ ၀မ်းသာရပါတယ်။ ကြိုးစားရကျိုးနပ်ခ့ဲပါတယ်။

#မေး- ဒေါက်တာရဲ့ရှေ့ဆက်ရမယ့် ခရီးနဲ့ အနာဂတ် ရည်မှန်းချက်ကို ပြောပြပေးပါ။

*ဖြေ- နောက်ထပ် Researchပိုင်းအနေနဲ့ ထပ်ပြီးလေ့လာချင်၊ သင်ယူချင်ပါသေးတယ်။ ပြီး ရင် တီဘီနဲ့ ပတ်သက်ပြီး သုတေသနကိုလည်း ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်တယ်။ Public Health ကိုလည်း တက်ပြီးကတည်းက တောက်လျှောက် Apply လုပ်ဖြစ်နေတာ ဖြစ်တဲ့ အတွက်ရော ၊ သူ့ Subject ကြီးက အရမ်းကို ကျယ်ပြန့်နေတော့ ဆက်ပြီး လေ့လာသင်ယူနေရဦးမှာပါပဲ ၊ ဆက်ပြီး တတ်နိုင်သလောက် sharing လုပ်သင့်တာတွေ လုပ်နေဦးမှာပါပဲ။ ခရီးမဆုံးသရွေ့လို့ပြောရမှာပါပဲ ။

Similar success journeys

View All →
BBA in Management (The Open University of Hong Kong)

BBA in Management (The Open University of Hong Kong)

Khwar Nyo Myint Thu (Talent Management & Marketing Manager (Just Hype Company Ltd ))

STI MU provided me with a better experience with university life. The teachers are friendly, the courses are…

“STI Myanmar College ရဲ့ ဂုဏ်ယူရတဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ မင်းခန့်အောင် ရဲ့ ပညာရေးခရီးလမ်းသစ်တစ်ခု…” 🎓✨

“STI Myanmar College ရဲ့ ဂုဏ်ယူရတဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ မင်းခန့်အောင် ရဲ့ ပညာရေးခရီးလမ်းသစ်တစ်ခု…” 🎓✨

Min Khant Aung

STI Myanmar College မှာ BEng(Hons)Civil Engineering ဘွဲ့ကို အောင်မြင်စွာ ရရှိခဲ့ပြီးနောက် အခုအခါမှာတော့ Malaysia နိုင်ငံရှိ International Islamic University Malaysia (IIUM) ကနေ…

𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ 𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ 𝐁𝐒𝐜 (𝐇𝐨𝐧𝐬)…

Ko Khine Khant Soe 𝐁𝐒𝐜 (𝐇𝐨𝐧𝐬) 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 (First Class)

𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ 𝐒𝐓𝐈 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐥𝐥𝐞𝐠𝐞 မှ 𝐁𝐒𝐜 (𝐇𝐨𝐧𝐬) 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐒𝐜𝐢𝐞𝐧𝐜𝐞 ဘွဲ့ကို 𝐅𝐢𝐫𝐬𝐭 𝐂𝐥𝐚𝐬𝐬 ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့တဲ့…

Start your own success story

Explore our UK-validated programmes and take the first step toward your future.

Explore Programmes →
Call Viber Apply