STI Myanmar University တွင် University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့်သော BEng (Hons) Civil Engineering ဘွဲ့သင်တန်းကိုအောင်မြင်ခဲ့သော မောင်စိုင်းထူးအောင် နှင့် တွေ့ဆုံခြင်း
Sai Htoo Aung
July 2026
မေး # မောင်လေး ရဲ့နာမည်နဲ့ STI မှာ သင်ယူခဲ့တဲ့ မေဂျာတို့ကို မိတ်ဆက်ပေးပါဦး
ဖြေ# ကျွန်တော်က စိုင်းထူးအောင် ပါ။ လောလောဆယ်မှာ BEng (Hons) Civil Engineering ဘွဲ့သင်တန်းအတွက် နောက်ဆုံးနှစ်စာမေးပွဲကို second class နဲ့ အောင်မြင်ထားပါတယ်။ ဘွဲ့ယူဖို့ စောင့်နေပါတယ်။
မေး-# STI ကို ရွေးချယ်တက်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း ပြောပြပေးပါဦး။
ဖြေ # ကျွန်တော်ဆယ်တန်းအောင်တော့ ထုံးစံအတိုင်း အမှတ်မမီဘူး။ ဒီတော့ ကိုယ်လိုချင်တဲ့ မေဂျာကိုရဖို့ မလွယ်ဘူးဖြစ်နေတယ်။ ကိုယ်တကယ်ဖြစ်ချင်တာကျတော့လည်း အင်ဂျင်နီယာဖြစ်ချင်တယ်။ အဲ့ဒီမှာပဲ တိုက်တိုက်ဆိုင်ဆိုင် သတင်းစာထဲမှာ STI ကြေငြာကပါလာတယ်။ Private University လည်းဖြစ်တယ်။ ဘွဲ့ကိုလည်း Foreign ကတက္ကသိုလ်နဲ့ ချိတ်ဆက်ထားတယ်ဆိုတော့ ကျွန်တော်တို့လည်း စိတ်၀င်စားလို့ ကျောင်းကိုလာစုံစမ်းဖြစ်ပါတယ်။ အဲ့ဒီ စုံစမ်းတဲ့နေ့မှာပဲ သဘောကျလို့ တခါတည်းအပ်ဖြစ်သွားပါတယ်။
မေး # ဒါနဲ့ ပဲ ကိုယ်ဖြစ်ချင်တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ဖို့ အခွင့်အရေးပြန်ရခဲ့တယ်ပေါ့။ အဲ့ဒီမှာမှ Civil မေဂျာကိုယူဖြစ်တဲ့ အကြောင်းကိုလည်း ပြောပြပါဦး။
ဖြေ# ကျွန်တော်က တကယ်တမ်းပြောရရင် ဒီဇိုင်းဆွဲရတာကြိုက်တယ်။ အင်ဂျင်နီယာလုပ်ရင် ကိုယ်က ပထမ Archi ဘက်ကိုပဲ သွားမယ်လို့ စိတ်ကူးထားတယ်။ ပထမဆုံးကျောင်းမှာ Foundation အတန်းတက်တော့ ဒီဇိုင်းဆွဲတာနဲ့ အတွက်အချက်ပိုင်းကို ချိန်ကြည့်တော့ ကိုယ်တကယ်သဘောကျတာက တွက်တာချက်တာ တွေဖြစ်နေတယ်။ ဖန်တီးမူပိုင်းမှာအားနည်းသလိုခံစားရတယ်။ မေဂျာတွေမှာလည်း တွက်ရတဲ့ မေဂျာတွေမှာ အမှတ်များတယ်။ ဒါကြောင့် Civil ပဲ ယူလိုက်မယ်ဆိုပြီး ဆုံးဖြတ်ချက်က ပြန်ပြောင်းသွားတယ်။
မေး # STI မှာ စာသင်ကြားခဲ့တဲဲ႔ အတွေ့အကြုံကိုလည်း မျှေ၀ပေးပါဦး။ ကိုယ် ပညာသင်ကြားမူပိုင်းမှာ အခုအချိန် ပြန်စဥ်းစားရင် ဘာတွေ အမှတ်တရကျန်ခဲ့လဲ။
ဖြေ # စာသင်ကြားမူကတော့ အရမ်းကောင်းပါတယ်။ ကျောင်းမှာ ဆရာ၊ဆရာမတွေနဲ့ နီးနီးကပ်ကပ်လည်း ရှိတယ်။ တစ်ခုခုနားမလည်တာရှိရင် Coordinator ဆရာ၊ ဆရာမတွေတင်မကဘူး။ Assistance ဆရာ၊ ဆရာမတွေက ကူညီပေးနေတော့ ဘယ်သူကိုမေးမေး အဆင်ပြေတယ်။ Assignment တင်တာတို့ ၊ Project guideline တွေလုပ်ရရင် ဆရာ၊ဆရာမတွေက အမြဲကူညီပေးပါတယ်။ ကျောင်းပြီးချိန် အစ်မမေးသလို ဘာတွေ စိတ်ထဲကျန်ခဲ့လဲဆိုတာ ကျွန်တော်တို့ ငယ်ငယ်က ဆယ်တန်းအထိက ဒါကျက်ဒါဖြေ အဲ့စနစ်က မလွတ်ခဲ့ဘူး။ ဒီရောက်တော့ Open Book ဖြေရတာတွေရှိတယ်။ တချို့သော Subject တွေ အထူးသဖြင့် ဆရာဒေါက်တာငြိမ်းဇင်လတ် သင်တဲ့ အတန်းတွေမှာဆို စာအုပ်ထဲမှာပါတာတစ်ခု ၊ ဆရာသင်တာတစ်ခု ၊ တကယ်တမ်းစာမေးပွဲမှာမေးရင် ဆရာ့ရဲ့ question trick တွေက အရမ်း ခက်တယ်။ ဒီတော့ စာမေးပွဲကိုလည်း အထင်ကြီးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း University ကျောင်းသားကြီးလို့ ခံစားရတယ်။ ကျောင်းက ဆရာငြိမ်းဇင်လတ်တို့ ၊ မက်ဂဲနစ်ဘာသာသင်တဲ့ ဆရာမ သက်လှုိင်ဆွေတို့ ၊ ဆရာတိုးတိုးအောင် တို့ အားလုံးအသင်အပြကောင်းကြပါတယ်။ ဆရာတွေရဲ့ စေတနာကို ကျွန်တော်အမြဲသတိရမိပါတယ်။
မေး# STI မှာ ပညာသင်ကြားခဲ့တဲ့ သုံးနှစ်ကျော် လေးနှစ်အတွင်း တခြားကိုယ့်ဘက်က ရလိုက်တဲ့ အတွေ့အကြုံတွေရှိရင်ပြောပြပေးပါဦး။
ဖြေ# နိုင်ငံခြားခရီးအနေနဲ့ ထိုင်းနိုင်ငံ Mahidol University ကိုလွှတ်တဲ့ ခရီးမှာ ထိုင်းနိုင်ငံက သဘာ၀ပတ်၀န်းကျင် နဲ့ပတ်သက်ပြီး သူတို့ ဘယ်လို သေချာထိန်းသိမ်းသလဲဆိုတာတွေ လေ့လာခဲ့တယ်။ တိုက်တွေဆောက်ရင် ရေတွင်းမတူးဖို့ တူးရင်လည်း ပေးထားတဲ့ limit ထဲမှာပဲ ဆောက်ဖို့ ၊ ရေတွေကိုဘယ်လို ပြန် recycleလုပ်မ လဲဆိုတာသိခွင့်ရတယ်။ ပြီးတော့ Civil သမားတစ်ယောက်အတွက် ငလျင်အကြောင်းတွေသူတို့ ကျောင်းက ပရော်ဖက်ဆာတွေ သေချာပြောပြရှင်းပြပေးတာ အရမ်းသဘောကျ မိတယ်။ ငလျင်က ကြိုပြီးလည်း ပြောလို့မရဘူး။ ဒါပေမဲ့ ဖြစ်ခဲ့သည်ရှိသော် ဘယ်လို ကြိုပြိး ကာကွယ်ရမလဲ ၊ ငလျင်ဒဏ်ကို ခံနိုင်ဖို့ ဘယ်လိုလုပ်မလဲ အဲ့ဒါတွေ သင်ယူခဲ့ပါတယ်။ တခြား Site Visit အနေနဲ့ ဒုတိယနှစ်ရောက်တော့ Star City မှာ Internship ၁လခွဲလောက်ဆင်းခဲ့ရတယ်။ Quality Insurance နဲ့ Quality Control ဆိုတဲ့ ဌာနမှာလုပ်ခဲ့ရတယ်။။ အတွေ့အကြုံတွေ အများကြီးရပါတယ်။ ကျောက်ပြားကပ်တာတွေ ၊ ၀ရံတာဆောက်တာတွေမှာ သင်ခဲ့ရတယ်။ အပြင်မှာ ၀ရံတာတွေ သပ်သပ်ဆောက်တယ်။ ပြီးမှ တိုက်ကြီးမှာ ပြန်ကပ်ပေးထာတာ။ Advance technology တွေ ကိုသင်ယူခဲ့ရပါတယ်။
မေး# အခုလက်ရှိဘာတွေလုပ်နေလဲ ။ အလုပ်ရောလျှောက်ပြီးပြီလား။
ဖြေ# ကျွန်တော်က အောင်စာရင်းထွက်ပြီးသားပဲရှိသေးတယ်။ ဘွဲ့မရသေးတော့ ကျောင်းကပေးတဲ့ Certificate နဲ့ လှည်းတန်းက SYE ဆိုတဲ့ ဒီဇိုင်း group မှာ ၂လ Internship ဆင်းနေပါတယ်။ အဲ့ဒီမှာ Intern ဆင်းဖို့ကလည်းမလွယ်ပါဘူး။ အင်တာဗျူးတွေ ၀င်ရတယ်။ တနိုင်ငံလုံးလျှောက်တဲ့သူတွေထဲမှာ (၄၀)ရွေးတာ ကျွန်တော်နဲ့ ကျောင်းက သူငယ်ချင်း၂ယောက်ပါတယ်။ အဲ့ဒီမှာ ဆရာက စာလည်းသင်ပေးတယ် ၊ စာအုပ်တစ်အုပ် ဖတ်ခိုင်းတယ်။ ဘယ်လောက်နာလည်သလဲဆိုတာ sharing ပြန်လုပ်ရတယ်။ Soft skill ပုံစံမျိုးလုပ်ခိုင်းတော့ ကျွန်တော်က ကျောင်းမှာ လည်း အမြဲလုပ်နေတော့ အတွေ့အကြုံကရှိနေတယ်။ vote အများဆုံးရသူကို သင်တန်းမှာ ဆုပေးတယ်။ ကျောင်းမှာ Presentation လုပ်တာတို့ ၊ soft skill ပိုင်းတို့ ကို train ပြီးသားဆိုတော့ ကျွန်တော်ဆုရတယ်ပေါ့ ၊ အပတ်တိုင်းဆုရတဲ့သူ(၅)ဦးကို ဆရာက ဗိုလ်ချုပ်စျေးဘေးက အခုဆောက်နေတဲ့ Peninsular Tower Site visit ကို သွားရတယ်။ အဲ့ဒါအရမ်းကိုအားရဖို့ကောင်းတယ် ။ ကျွန်တော်တို့ကို သင်တန်းမှာတခြား Site တွေလည်းလွှတ်ခဲ့ ဖူးပေမယ့် ၊ အဲ့ဒီ Site အကြီးကြီးကိုသွားလေ့လာရတာ ဘာနဲ့မှမတူနိုင်တဲ့ အတွေ့အကြုံကောင်းတွေ ရခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီ Site ရဲ့ Co -Ordinator ကလည်း Star city ပဲဆိုတော့ ကျွန်တော်တို့ကို ကျောင်းက လွှတ်ဖူးတော့ အဲ့ဒီက အခေါ်အေ၀ၚတွေက မစိမ်းဘူး ။ အတော်လေးကိုကျေနပ်မိတယ်လို့ ပြောရမယ်။
မေး# အခု မကြာခင်ဘွဲ့ရတော့မယ်ဆိုတော့ အလုပ်တွေရောလျှောက်နေပြီလား။ မောင်လေးရဲ့ အနာဂတ် ရည်မှန်းချက်ကိုလည်းပြောပြပေးပါဦး
ဖြေ # အခု ဒီဇိုင်းသင်တန်းမှာ Internship ဆင်းပြီးချိန် နောက်ထပ်အလုပ်ရဖို့ အလုပ်လျှောက်လွှာတွေလည်း လိုက် တင်ထားပါတယ်။ ဘ၀မှာ တကယ်ဖြစ်ချင်တာကတော့ Structural designer ပေါ့ ၊ ဒါပေမဲဲ႔ site အတွေ့အကြုံတွေလည်း အများကြီးလိုအပ်သေးတော့ Site engineer အဖြစ် အတွေ့အကြုံတွေ အများကြီး ယူပါဦးမယ်။ ပြီးတော့ ငါးနှစ်လောက်ကြာရင် ဒီ ကျွန်တော်ရည်မှန်းထားတဲ့ Structure ပိုင်းနဲ့ ပဲ Master ဘွဲ့ယူဖို့ ရည်ရွယ်ထားပါတယ်။ ကိုယ်၀ါသနာပါတဲ့ လမ်းကြောင်းမှာမို့ အောင်မြင်အောင်ကြိုးစားရမှာပါ။
မေး#အခု ကိုယ်ကကျောင်းပြီးသွားပြီ၊၊ ဘွဲ့လည်းယူရတော့မယ်ဆိုတော့ ကျောင်းက ဂျူနီယာတွေကိုရော ဘာတွေအကြံဥာဏ်ေ လးတွေပေးချင်လဲ
ဖြေ# အဓိက က Time Management သေချာခွဲနိုင်ဖို့ပါပဲ ၊ ပျော်တာလည်းပျော် စာလုပ်ချိန်ကိုလည်း သေချာ ထားပေးပါ။ စာကိုပဲ နီးတော့မှ အရမ်းဖိလုပ်ရင်လည်း စာမေးပွဲနီးလာလေ အရမ်း stress ရလိမ့်မယ်။ ကျွန်တော့ အတွေ့အကြုံအရဆိုရင် စာမေးပွဲနီးမှ ဟိုဟာလည်းမရသေး ၊ဒီဟာလည်းမရသေးလို့ အိပ်လို့ တောင်မပျော်တော့ စာတွေကျက်တော့လည်း စိတ်၀င်စားမူအားနည်းလာပြီ ၊စိတ်ပူတာပဲ သိပြိ း ဘာမှသေချာမလုပ်နိုင်တာတွေ မဖြစ်စေချင်ဘူး။ အစကတည်းက သေချာအချိန်ကို အကျိုးရှိရှိ အသုံးချစေချင်ပါတယ်။ သီအိုရီပိုင်တ့ဲ ကျောင်းသားက သီအိုရီသေချာလုပ်၊ Practice ပိုင်တဲ့ ကျောင်းသားက Practice ကိုသေချာလုပ်ပြီး အချင်းချင်း ဆရာတွေနဲ့ discuss လုပ် ၊ ကျောင်းသားအချင်းချင်းလည်း sharing လုပ်ပြီး သင်ယူလေ့လာပါလို့ ပြောချင်ပါတယ်။
မေး # STI ကိုရော ဘာပြောချင်သေးလဲ။
ဖြေ# နိုင်ငံတကာအဆင့်မီပညာတွေကို နားလည်တတ်မြောက်အောင်သင်ကြားပေးတဲ့ အတွက် ကျောင်းကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ပြီးတော့ ကျောင်းမှာ ကျောင်းသားဦးရေကလည်း ပိုများလာတော့ ဒီထက်ပိုပြီးကျယ်၀န်းတဲ့ မြေနေရာတစ်နေရာမှာထပ်ချဲ့ ပြီးတည်ဆောက်နိုင်ရင် ပိုကောင်းမယ်လို့လည်း အကြံဥာဏ်ပေးချင်ပါတယ်။
Similar success journeys
STIMU ၏ MSc ( Public Health) မဟာဘွဲ့ scholarship ရရှိခဲ့သော ဒေါက်တာ…
Dr. KYAW KYAW CHO
မေး - မင်္ဂလာပါဆရာ ၊ ဆရာက scholarship နဲ့ STI Myanmar University မှာ MSc( Public Health) တက်ရောက်ခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။ ဆရာရဲ့…
Second Year First Semester Architectural Engineeringဘွဲ့သင်တန်း၏ Architectural Design Project ကို…
Aung Yadanar Tun, Hla Phyu Nora
# မေး- ညီမလေးတို့ရဲ့ နာမည်နဲ့ အတန်းတို့ကိုမိတ်ဆက်ပေးပါဦး။ *ဖြေ- ညီမနာမည်က အောင်ရတနာထွန်းပါ ။ သူ့နာမည်က လှဖြူနော်ရာ ပါ။ ညီမတို့က Architectural Engineering Second year First…
BBA in Management (The Open University of Hong Kong)
Mya Myintzu Thant
The experiences in my student life can gain outside of the classroom are just as valuable as the…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →