STI Myanmar University ၏ MBA(Marketing) ဘွဲ့သင်တန်းတွင် USD 6,000 scholarship ရရှိထားသော မောင်သက်နိုင်အောင်နှင့်ယခုကဲ့သို့တွေ့ဆုံခြင်း
Thet Naing Aung
July 2026
STI Myanmar University နှင့် University of Bedfordshire (UK) တို့မှချီးမြှင့်သော BA (Hons) Business Administration ဘွဲ့ကို ၂၀၁၈ခုနှစ်တွင်ရရှိခဲ့ပြီး MBA(Marketing) ဘွဲ့သင်တန်းတွင် USD 6,000 scholarship ရရှိထားသော မောင်သက်နိုင်အောင်နှင့်ယခုကဲ့သို့တွေ့ဆုံဆွေးနွေးခဲ့ပါသည် ။
မေး- မောင်လေးရဲ့နာမည်နဲ့ STI မှာ သင်ယူဖြစ်ခဲ့တဲ့ဘာသာရပ်တို့ကိုမိတ်ဆက်ပေးပါဦး ။
ဖြေ-ကျွန်တော့နာမည်ကတော့ သက်နိုင်အောင်ပါခင်ဗျာ ။ ၂၀၁၈ ခုနှစ်မှာ University of Bedfordshire,UK နဲ့STI Myanmar University တို့က ချီးမြှင့်ခဲ့တဲ့ BA(Hons)Business Administration ဘွဲ့ကို ရရှိခဲ့ပါတယ် ။ ဘွဲ့ရပြီးတဲ့ အခါမှာလဲ Retail company တစ်ခုမှာလဲ အလုပ်ဝင်ခဲ့ပါတယ်။
မေး-အခု STI Myanmar University ကဖွင့်လှစ်တဲ့ MBA ( Marketing) မှာ scholarship ရထားတယ်လို့ သိရပါတယ် ။
အဲ့ဒီအကြောင်းလေးပြောပြပါဦး။
ဖြေ-အခုလို Covid ဖြစ်နေချိန် ကျောင်းတော်တော်များများလည်းပိတ်ထားတဲ့အချိန် ကျွန်တော်လည်း အိမ်မှာပဲ နေနေရချိန်မှာ STI Myanmar University တွင် ဖွင့်လှစ်ထားတဲ့ University of Bedfordshire မှ ပေးအပ်တဲ့ MBA (Marketing) program စတင်ခါနီးမှာ ကျောင်းကနေ ဖုန်းဆက်လာပြီး STIMU မှာ Alumni တွေ အတွက် MBA scholarship လျှောက်လို့ရတဲ့အကြောင်း အသိပေးလားတယ်ခင်ဗျ။ ကျွန်တော်လည်း MBA တက်ဖို့ စဥ်းစားနေချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် scholar လျှောက်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲ USD 6,000 scholarship ရခဲ့ပြီး MBA class ကို October intake အတွက် join ခဲ့ပါတယ်ခင်ဗျာ။
မေး-STIMU မှာ Supporting Classတွေ စီစဥ်ပေးတယ်လို့လည်း သိရပါတယ် ၊ အဲ့ဒီအကြောင်းလေး ပြောပြပါဉီး ။
ဖြေ-MBA အတန်းမစခင်မှာ STIMU မှ Supporting class တွေ စတင် စီစဥ်ပေးခဲ့ပါတယ်ခင်ဗျ။
Supporting class မှာဆိုလျှင် သီတင်းပါတ် ၃ ပါတ်တက်ခဲ့ရတယ်ခင်ဗျ။ Supporting class မှာဆိုရင်
What to prepare for a master student ဆိုတဲ့ Brainstorming session နဲ့စတင်ပြီးLiterature search,
-What are proposals and dissertations and why they are important for postgraduate students?,How to write the assignment?,Critical thinking, BREO/LMS/Hinari, How to develop a good research question, Plagiarism ,Referencing , Group presentation ဆိုပြီး လေ့လာခဲ့ရပါတယ်ခင်ဗျာ။
မေး-Supporting Class ကို MBA တက်ဖို့ ရည်ရွယ်ထားတဲ့ကျောင်းသားတစ်ယောက်အနေနဲ့ အခုလို supporting class တက်ရောက်ခွင့်ရတဲ့ အတွေ့အကြုံကိုလည်း ပြောပြပေးပါဦး။
ဖြေ-Supporting class တွေမှာ လေ့လာခဲ့တဲ့ သင်ခန်းစာတွေက အရမ်းအကျိုးရှိပါတယ်ခင်ဗျာ။ Master student တစ်ယောက်ဟာ undergraduate student တုန်းကလို ဆရာ စာသင်တာကို နားထောင်၊ စာဖတ်၊ စာကျက်ရုံဖြင့် မအောင်မြင်နိုင်ပဲ မိမိကိုယ်တိုင် စာများများဖတ်ပြီး သေချာ critically thinkingလုပ်နိုင်မှ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။အဲ့ဒီအတွက် supporting class မှာ critical thinking, academic writing တွေကို သင်ခဲ့ရတယ်ခင်ဗျာ။ဒါ့အပြင် dissertation/ thesis တွေ ရေးသည့်အခါမှာ အရမ်း အရေးကြီးတဲ့ tools and resources for literature search, Plagiarism နဲ့ referencing အကြောင်းတွေကိုလည်း supporting class မှာ အသေးစိတ် သင်ပေးတဲ့အတွက် assignment writing နဲ့ dissertation/thesis တွေအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်။
Group presentation လေးလည်း supporting class နောက်ဆုံးနေ့မှာ လုပ်ခဲ့ရပါတယ်။ Zoom ကနေတဆင့် သင်ရတာဖြစ်တဲ့အတွက် သူငယ်ချင်းအသစ်တွေနဲ့ presentation ကောင်းကောင်းတစ်ခုရရှိဖို့ သေချာကြိုးစားခဲ့ပါတယ်ခင်ဗျာ။
မေး-အခုလို Covid ကြောင့် Work from home, Study from home လုပ်နေရတဲ့အချိန် Online network ကနေတဆင့် သင်ယူမူတွေ ကနေ ဘာတွေ အကျိုးကျေးဇူးတွေရခဲ့သလဲ ။
ဖြေ-Online network မှတဆင့် teamwork and communication ကောင်းစွာ ပြင်ဆင်ခဲ့တဲ့အတွက် feedback ကောင်းများစွာလည်း ရခဲ့ပါတယ်ခင်ဗျာ။ New experience အနေနဲ့ Online မှတဆင့် presentation အတွေ့အကြုံလည်း ရခဲ့ပါတယ်ခင်ဗျာ။အခုလို MBA lecture class မစခင် Supporting class လေးလုပ်ပေးတဲ့အတွက်လည်း ဆရာ ဆရာမများနဲ့ STIMU ကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျ။
မေး- ကိုသက်နိုင်အောင်ရဲ့ အနာဂတ်ရည်မှန်းချက်ကိုလည်း ပြောပြပေးပါဦး
ဖြေ-MBA ပြီးမြောက်သွားတဲ့အခါဆိုလျှင်တော့ ယခုထက် skillful and knowledgeable ဖြစ်ကာ လုပ်ငန်းခွင်မှာ ပိုမိုအကျိုးရှိစွာ contribute လုပ်နိုင်သူတစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။Knowledge sharing လုပ်ပေးရတာကို ကြိုက်နှစ်သက်သူမို့ တချိန်မှာတော့ a good sharer, a good lecturer တစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Similar success journeys
STI Myanmar University တွင် University of Bedfordshire (UK) မှ တိုက်ရိုက်ချီးမြှင့်သော…
Khant Zaw Htet
မောင်လေးရဲ့ နာမည်ကို မိတ်ဆက်ပေးပါဦး။ ပထမဆုံး STI Myanmar University မှာ BEng(Hons) ဘဲြ႕သင်တန်းကို 1st Class နဲ့ အောင်မြင်ခဲ့ပြီလို့ သိရတယ်။ STI ကိုဘယ်လိုသိပြီး တက်ခဲ့တာလဲ…
BBA in Management (The Open University of Hong Kong)
Theint Thinzar Wint (4BBA BBA ( The Open University of Hong Kong))
My university experiences have been amazing. Every day is full with excitement and insane lectures. My classes are…
STIMU ၏ MSc ( Public Health) မဟာဘွဲ့ scholarship ရရှိခဲ့သော ဒေါက်တာ…
Dr. KYAW KYAW CHO
မေး - မင်္ဂလာပါဆရာ ၊ ဆရာက scholarship နဲ့ STI Myanmar University မှာ MSc( Public Health) တက်ရောက်ခွင့် ရခဲ့တယ်လို့ သိရှိရပါတယ်။ ဆရာရဲ့…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →