STIMU တွင် MSc ( Nutrition & Dietetics) ဘွဲ့ရ ဒေါက်တာဟန်နီစုနိုင်၏ Publication Letter အကြောင်း တွေ့ဆုံမေးမြန်းခြင်း
Honey Su Naing
July 2026
* မေး - မင်္ဂလာပါဒေါက်တာ။ ဒေါက်တာ STI မှာ Master of Science in Nutrition Dietetics ၏ MSc ( Nutrition & Dietetics) ဘွဲ့ ယူခဲ့စဥ်က ပြုလုပ်ခဲ့တဲ့ Thesis paper နဲ့ ပတ်သက်ပြီး မေးမြန်းချင်ပါတယ်။ ဒေါက်တာရဲ့ Thesis paper ကို ဘာလီက Conference မှာ Poster Presentation တင်ဖြစ်ခဲ့ပုံလေးပြောပြပေးပါ။
#ဖြေ- ကျွန်မတို့ ဆရာမ ဒေါ်ခင်မေတ္တာက ဘာလီ Conference အကြောင်း ပြောပြတာပေါ့ ။ Conference တွေမှာ ကျွန်မတို့ဖက်က Thesis ကို abstract တင်လို့ရတယ်။ တင်ပြီးသွားလို့ ဟိုဘက်က လက်ခံတယ်ဆို အဲ့ဒီ Conference ကို သွားတက်လို့ ရတယ်ပေါ့ ။STI က ကျွန်မနဲ့ ညီမလေး စုထက်နဲ့ နှစ်ယောက်အတူသွားတင်ဖြစ်ခဲ့ပါတယ် ။” Development of culturally modified food exchange list for Myanmar nutritionists and Myanmar patients with no communicable diseases” ဆိုတဲ့ ခေါင်းစဥ်နဲ့ Digital Poster Presentation လုပ်ဖြစ်ခဲ့ပါတယ်။ Conference က (၄) ရက်လောက်တက်ခဲ့ရတာပေါ့ ။
*မေး- ဘာလီ Conference ကနေ ဘာအတွေ့အကြုံတွေ ရခဲ့ပါသလဲ ။ မျှေ၀ပေးပါဦးဒေါက်တာ
#ဖြေ -ဘာလီရောက်ဖူးသွားတာပေါ့ (ရယ်လျက်) နိုင်ငံတကာမှာရှိတဲ့ nutrition field ထဲက သူတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်၊ သူတို့နိုင်ငံတွေမှာ ဒီပညာရပ်က ဘယ်လောက်ထိ တွင်ကျယ်ပြီး တိုးတက်နေပြီဆိုတာ သိခွင့်ရခဲ့တယ်၊ ဗဟုသုတတွေ experience တွေ အများကြီးရခဲ့ပါတယ်။
*မေး- International မှာ Publication လုပ်ဖို့ ရွေးချယ်ခံရတဲ့ အပိုင်းကိုလည်း အားလုံးသိအောင်ပြောပြပေးပါဦး။
#ဖြေ- ရွေးချယ်မခံရသေးပါဘူး။ ကျွန်မ paper က သူတို့ selection စာအုပ်ထဲထည့်ဖို့ criteria တွေနဲ့ ပြည့်စုံတယ်ပေါ့၊ သူတို့ review လုပ်ပြီး ရွေးချယ်ခံရရင် publish လုပ်ပေးမယ်၊ ဘာတွေ edit လုပ်ချင်သေးလဲဆိုပြီး email ပို့လာတာပါ။
*မေး- ဒေါက်တာရဲ့Paper နဲ့ ပတ်သက်ပြီး ရေးသားဖို့ စိတ်ကူးဖြစ်ခဲ့ပုံကိုပြောပြပေးပါ။
#ဖြေ- nutrition က မြန်မာနိုင်ငံမှာ အားနည်းသေးတဲ့ အပိုင်းဆိုတော့ တကမ္ဘာလုံးသုံးတဲ့ပစ္စည်း၊ education tool တစ်ခုလုပ်ချင်တယ်။ အဲ့ဒီအတွက်လုပ်ခဲ့တယ် ။ အဲ့ဒါက လူနာတွေကို ရှင်းပြတဲ့ အခါမှာပဲဖြစ်ဖြစ်၊ လူနာတွေကို consoling လုပ်တဲ့ အခါမျိုးမှာပဲ ဖြစ်ဖြစ် food exchange lists ပေါ့ ။ နေရာတိုင်းမှာသုံးလို့ရတယ် ။ အဓိကကတော့ အ၀လွန်တဲ့ သူတွေနဲ့ ဆီးချိုသမားတွေအတွက် အဓိက သုံးရတာပါ။ ၊ ပုံလေးတွေကို ပြပြီး ရှင်းပြတယ်။ အဲ့ဒီအရာကို တွင်တွင်ကျယ်ကျယ်သုံးတယ်ပေါ့ ။ မြန်မာပြည်မှာကျတော့ အဲ့ဒါကို သုံးတဲ့ အခါ ကိုယ့်နိုင်ငံက အစားအစာတွေ မပါဘူး။ အသီးဆိုရင်တော့ ပြႆနာမရှိပေမယ့် သူတို့ lists ထဲမှာပါတဲ့ တကူတက အပြင်မှာသွားစားရတာတွေဖြစ်တဲ့ အတွက် ၊ ကျွန်မတတ်နိုင်သလောက် မလိုအပ်တာတွေဖြုတ်ပြီး ၊ လိုအပ်တာတွေ့ကိုထပ်ထည့်ထားတယ်။ Thesis မှာ ၂ပိုင်းပါတယ်။ data တွေ ထည့်တဲ့အထိ ကတစ်ပိုင်း ၊ ရလာတဲ့ iists ကို ဓါတ်ပုံလေးတွေ ရိုက်ပြီး Album လေးလိုမျိုးလုပ်လိုက်တာ တစ်ပိုင်းပေါ့ ၊ ဟိုဘက်ကို publication ပြတာက data လောက်ပဲ တင်လိုက် တာပါ။ တစ်ပိုင်းစီပဲ ခွဲလုပ်ရတယ်လို့ ကြားလို့ အဲ့ဒီလိုမျိုးပဲ ပြလိုက်တာပါ။
*မေး- ဒေါက်တာ ကြိုးစားလုပ်ခဲ့တဲ့ Thesis က ကျောင်းတက်စဥ်ကတည်းကနေုခုချိန်အထိ အသုံး၀င်နေတယ်။ နောက်ထပ် ဘယ်လိုလူမျိုးတွေ ဆက်ပြီး apply လုပ်လို့ရပါသလဲ
#ဖြေ- လူနာတွေကို counseling လုပ်တဲ့အခါ education လုပ်တဲ့အခါ အရမ်း အသုံးဝင်တယ်။Visually attractive ဖြစ်တယ်။ နောက်ထပ်အနေနဲ့ကတော့ ကျွန်မလုပ်ထားတဲ့ list နဲ့ flashcards တွေကို သုံးပြီး evaluation လုပ်စေချင်တယ်။ Research တစ်ခု အနေနဲ့ပေါ့။အဲ့ဒါလေးကို နိုင်ငံတာသိသွားတယ်။ second batch အထိ သုံးလို့ရတယ်။ ဆနွမ်းမကင်းဆို သူတို့ ဘယ်လောက်စားလို့ရလဲဆိုတာမျိုး ကြည့်လို့ရ။ ကျောင်းသားတွေပါ သုံးလို့ရတယ်။ Nutrition ကို education လိုက်လုပ်နေတဲ့ ဘယ်သူမဆို သုံးလို့ရတယ်။ မြန်မာနိုင်ငံအတွက် specialize လုပ်ထားတဲ့ tool တစ်ခုကို သုံးလို့ရသွားတာပေါ့။
*မေး- လက်ရှိဒေါက်တာ Nutrition field ထဲတွင် ဘာတွေ လုပ်နေပါသလဲ ၊ နောက်ထပ် လုပ်ဆောင်မယ့် အစီအစဥ်တွေ ရှိရင်လည်း ပြောပြပေးပါဦးဒေါက်တာ
#ဖြေ မနၲလေးပါ ကိုယ်ပိုင် nutrition clinic လေး ဖွင့်ထားပါတယ်။ ပြီးတော့ healthy menu တွေရနိုင်မယ့် ကော်ဖီဆိုင်လေးတစ်ဆိုင် ဖွင့်ဖို့လည်း ကြိုးစားနေပါတယ်။
*မေး- အချိန်ပေးပြီးဖြေကြားပေးတဲ့ အတွက် STI မှ ဒေါက်တာကို ကျေးဇူးအများကြီးတင်ပါတယ်။
#ဖြေ- ဟုတ်ကဲ့ ။ ကျွန်မကလည်း ကျေးဇူးတင်ပါတယ်။
Similar success journeys
BBA in Management (The Open University of Hong Kong)
Aye Thiri Myint (Jasmine)(Brand Equity Associate (Japan Tobacco International))
Since the evolution of business is growing rapidly, marketing is a career that will always be in demand…
BBA in Management (The Open University of Hong Kong)
Lin Lat Tun (Dean List Award ( Autumn Term) Channel Development Representative (AA Medical Product Line))
After matriculation exam, I started to search the universities to study business. Because my ambition is to be…
BBA in Management (The Open University of Hong Kong)
Su Myat Tin (Brand Equity Associate Japan Tobacco International (JTI))
A bachelor’s degree holder from the OUHK and I majored in business administration. I joined STI Myanmar University…
Start your own success story
Explore our UK-validated programmes and take the first step toward your future.
Explore Programmes →