Success Story | STIMU


  • Home -
  • Dr. Khin Nyein Chan
  • Dr. Khin Nyein Chan
Success Story
course
  • Dr. Khin Nyein Chan

  • 👨‍🎓 Student By : Dr. Khin Nyein Chan

STIMU ၏ MSc ( Public Health) ဘွဲ့ရ ဒေါက်တာခင်ငြိမ်းချမ်း (Country Director the ICAP at Columbia University team in Myanmar) နှင့် တွေ့ဆုံခြင်း

STI Myanmar University နှင့်အင်္ဂလန်နိုင်ငံရှိ University of Bedfordshire ( UK) တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူကျန်းမာရေး မဟာဘွဲ့ MSc ( Public Health ) ဘွဲ့ရ ဒေါက်တာ ခင်ငြိမ်းချမ်း ကို အင်တာဗျူးရန် ရွေးချယ်ထားပါသည်။ ဒေါက်တာခင်ငြိမ်းချမ်းသည် Public Health ပညာရှင်တစ်ဦးအဖြစ် HIV, TB, MDRTB တို့၏ clinical and laboratory operations များတွင် ၁၅နှစ်ခန့် အတွေ့အကြုံရှိခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်မှစ၍ ICAP at Columbia University team in Myanmar တွင် Country Director အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ ဒေါက်တာခင်ငြိမ်းချမ်း နှင့် ယခုကဲ့သို့ တွေ့ဆုံမေးမြန်းထားပါသည်။

မေး- မင်္ဂလာပါဒေါက်တာ ၊ ဒေါက်တာက STI Myanmar University မှာ MSc (Public Health) ဘွဲ့သင်တန်းကိုတက်ရောက်အောင်မြင်ထားတယ်လို့ သိရပါတယ် ။ မြန်မာနိုင်ငံမှာ Public Health သင်ယူခွင့်နဲ့ပတ်သက်ပြီး ဘယ်လိုတိုးတက်ပြောင်းလဲလာတယ်ဆိုတာ ဒေါက်တာအတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ပြောပြပေးပါ။
ဖြေ- ကျွန်မ အတွေ့အကြုံအရ မြန်မာပြည်မှာ ဟိုးအရင်က အစိုးရဝန်ထမ်းမဟုတ်ရင် ဆရာဝန်မဟုတ်ရင် Master degree ကိုတက်လို့မရခဲ့ဘူး။ အဲ့ဒီတော့ အစိုးရဝန်ထမ်းမဟုတ်တဲ့ တခြားသူတွေက မဟာဘွဲ့ယူချင်ရင် နိုင်ငံခြားထွက်ပြီးတော့ တက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်ကတည်းက နိုင်ငံခြားမှာကျောင်းတက်ရင် လက်ရှိ အလုပ်ကိုရပ်ရတယ်၊ မိသားစုနဲ့ဝေးရတယ်။ အဲ့ဒီလိုမျိုးတွေဖြစ်တယ်ပေါ့ ။ ဒါကြောင့် ကျွန်မအဲ့ဒီလမ်းကိုမရွေးခဲ့ဘူး။ ဒါပေမဲ့ STI မှာ UOB က တိုက်ရိုက်ချီးမြှင့်တဲ့ဘွဲ့ကို ဒီနိုင်ငံမှာပဲတက်ပြီး ယူလို့ ရတယ်။ အလုပ်တစ်ဖက်နဲ့ပိတ်ရက်တွေမှာပဲ part time ကျောင်းတက်ရုံနဲ့ ဘွဲ့လွန်တစ်ခုကို ရနိုင်တာ တကယ်ကောင်းတဲ့ အခွင့်အရေးပါ။ ဒီထက် ပိုကောင်းတာကတော့ဆရာဝန်မဟုတ်တဲ့ သူတွေ Public Health field ထဲမှာ ကျင်လည်တဲ့ သူတွေလည်း တက်နိုင်တယ်ဆိုတော့ အရမ်းကောင်းပါတယ်။ ဒါကတော့ ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုလို့ ကျွန်မဆိုချင်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာ STI က စ Public Health သင်ယူခွင့်နဲ့ ပတ်သက်ပြီး တိုးတက်ပြောင်းလဲလာတာကို ကျွန်မသိသလောက်ပြောပြခြင်းပါ။

မေး- ဒေါက်တာက Public Health နယ်ပယ်ကိုဘာကြောင့် စိတ်ဝင်စားပြီး ပညာဆည်းပူးခဲ့လဲဆိုတဲ့အကြောင်းနဲ့ STI ကို join ဖြစ်ခဲ့ပုံလေး ပြောပြပေးပါ.
ဖြေ- ကျွန်မကျောင်းပြီးဆရာဝန်ဖြစ်တော့ Assistant Surgeon အဖြစ်နဲ့ ရန်ကုန်ဆေးရုံကြီးမှာပဲ ဆေးကုသတဲ့ အလုပ်ကို ၃နှစ်လုပ်ခဲ့တယ်။ အဲ့ဒီကနေ NGOတွေမှာ ဆေးကုသတဲ့ အလုပ်ကို စတင်ခဲ့ တယ်။ အဲ့ဒီမှာ ပဲ HIV နဲ့ တီဘီလူနာတွေ ၊ အာဟာရချို့တတဲ့ ကလေးတွေအတွက် Manage လုပ်ရင်း လုပ်ဆောင်မူတိုင်းလိုလို treatmentတိုင်း လိုလိုက Public Health ခေါင်းစဉ်အောက်ကို ထည့်ရတာသိလာတယ် ။နောက်ပြီး MSF မှာလုပ်ခဲ့တော့ Public Health အကြောင်း ပိုလို့ ထဲထဲဝင်ဝင်သိလာချိန် ပိုစိတ်ဝင်စားလာတယ်။ ဒါနဲ့ ဘွဲ့ရပြီးအစိုးရအလုပ်စဝင်တယ်။ နောက် ၂၀၀၃ မှာ career စချိန်းလိုက်တာပေါ့ ။ ၂၀၀၃ ကနေ စပြိး MSF မှာ position အမျိုးမျိုး အလုပ်အမျိုးမျိုး လုပ်တယ်။ 2014 မှာ ICAP at Columbia University team in Myanmar မှာ Country Director အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ အဲ့ဒီမှာ Counseling လုပ်ရင်း ကျောင်းပြန်တက်ချင်လာတယ်။ အလုပ်အတွက်လိုအပ်တဲ့ Training တွေ short course တွေလည်းတက်ပြီးပြိဆိုတော့ မာစတာ ဒီဂရီတစ်ခုကိုသေချာလေ့လာချင်လို့ အဲ့ဒီအခွင့်အလှမ်းကို စောင့်နေခဲ့ရာကနေ STI မှာ မဟာဘွဲ့သင်တန်းကို Part time နဲ့ အိုးမကွာ ၊အိမ်မကွာ တက်ရောက်ခွင့်ရမယ်ဆိုတော့ အတိုင်းထက်အလွန်ပါပဲ ၊ STI မှာ တက်တဲ့ first batch သမားတွေကို စောင့် ကြည့်ရင်းနဲ့ ၊ အတွေ့အကြုံတွေကို မေးမြန်းရင်းနဲ့ ပဲ STI ရဲ့ second batch မှာပဲ ဝင် join ခဲ့တယ်။ ကျောင်းကလည်း Firrst batch က ကျောင်းသားတွေဆီက အသံကိုနားထောင်ပြီး သင်တန်းကာလကို ၂နှစ်အဖြစ် တိုးမြှင့် လိုက်တော့ ပိုပြီးအဆင်ပြေခဲ့တယ် ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ပင်ပန်းခဲ့ပေမယ့် ဘဝမှာ အဲ့ဒီလောက်တော့ လုပ်ရမှာပဲ လို့ တွေးပြီး ပင်ပန်းရကျိုးနပ်ခဲ့တယ်။ တကယ်တော့ Public Healthဆိုတာက လူတွေအများကြီးရဲ့ ကျန်းမာရေးကို စဉ်းစားပြီးတော့လုပ်ပေးတဲ့ ကျန်းမာရေး စောင့်ရှောက်မူတစ်မျိုးပေါ့ ။ လူတွေအနေနဲ့သိကြတာက directly clinical services တွေရှိမယ်။ အဲ့ဒါကတော့ လူနာဖြစ်လာပြီ ဆိုတဲ့လူတွေကို ဆေးကုတာပါ ။ Public Health ကကျတော့ ဒီရောဂါတစ်ခုခုသိရပြီဆိုရင် တိုင်းပြည်တစ်ပြည်မှာ ကျန်းမာရေးစောင့်ရှောက်မူ အခြေအနေက ဘယ်လိုရှိနေလဲ ။ လူထုထဲမှာ ဘာတွေကများများပြားပြားဖြစ်လာနိုင်လဲ ၊အဲ့ဒါတွေကို ဘယ်လိုကာကွယ် ကြမလဲ ၊ဖြစ်လာကြရင်တောင်မှ လူတွေအများကြီးမဖြစ်အောင်ဘယ်လိုကာကွယ် ရမလဲ။ ကျန်းမာရေး ပိုကောင်းလာအောင် ဘယ်လိုမြှင့်တင်ရမလဲ ဆိုတာက အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ဘယ်တိုင်းပြည်မှာမှ လူတွေအကုန်လုံးနေမကောင်းဖြစ်လာရင် ဆေးရုံပေါ်တင်ပြီး ကုသပေးဖို့ မလွယ်ကူပါဘူး ။ ဒီတော့ ရောဂါမဖြစ်လာအောင်ပဲ ကာကွယ်ရမယ် ။ လူတွေရဲ့ ကျန်းမာရေးကို ပိုပြီးကောင်းမွန်လာအောင် လုပ်ရမယ်ဆိုတာကို သိနားလည်လာတော့ အဲ့ဒီအပိုင်းကို ပိုလုပ်ချင်လာတယ်။ ပို ကြိုက်တယ်ပေါ့ ။ အဲ့ဒီလိုနဲ့ပဲ STI ကိုရောက်ခဲ့ပါတယ်.

မေး- STIMU မှာ MSc (Public Health) ဘွဲ့ကို တက်ရောက်နေခဲ့တုန်းက အတွေ့ အကြုံတွေကိုပြောပြပေးပါဦး ဒေါက်တာ

ဖြေ-STI မှာ သင်ပေးတဲ့ Courses တွေကလည်းအရမ်းကောင်းတယ်။ သင်ပေးတဲ့ဆရာ၊ဆရာမတွေကလည်း public Health နယ်ပယ်မှာ ကျွမ်းကျင်တဲ့ဆရာကြီး၊ဆရာမကြီးတွေဆိုတော့ အရမ်းကောင်းပါတယ်။Assignment တွေရေးရင်လည်း တကယ်နားလည်အောင် အားထုတ်ရတော့ ကိုယ်က ဒါကို စိတ်ဝင်စားလို့ အလုပ်လုပ်နေတယ် ၊ ဒီထက် ပိုသိချင်လို့ သင်ယူတယ်။ တကယ်လည်းတတ်မြောက်အောင် သင်ပေးနိုင်တဲ့ ကျောင်းမှာ မဟာဘွဲ့ယူရတော့ အဆင်ပြေတယ်။ ပြောရရင် ပထမ first bath တုန်းက ပို challenge ဖြစ်တယ် လို့ ကြားခဲ့ရတယ်။ ဒါကတော့ STI ရဲ့ ပထမဆုံးအသုတ်လည်းဖြစ်တယ်။ တစ်နှစ်နဲ့ မာစတာရအောင်လုပ်တော့module တွေက အရမ်းကြပ်ညက်နေတာပေါ့ ။ ရုံးဆင်းရုံးတက်အပြင် ခရီးတွေပါထွက်ရတော့ သင်တန်းသားတွေအတွက် တဖြတ်ကို မော်ကျူးလေးခုနဲ့ လုပ်တော့ သိပ်အဆင်မပြေဘူးကြားခဲ့တယ်။ ကျွန်မတို့ second bath မှာ part time ဆိုရင်ဘယ်လိုဆိုံပြိး Module တွေကိုရှည်လိုက်တော့ နှစ်နှစ်ကျော်ကြာသွားပေမယ့် လုပ်ရတာ အဆင်ပြေသွားတယ်။ နောက် ကလေးတွေ စာသင်ပေးသလိုမျိုးအတန်း မဟုတ်တော့ UOB က materials တွေကို ဆရာကြီး၊ ဆရာမကြီးတွေက တိတတိကျကျ ရှင်းပြသင်ပေးတယ်။ ဆရာ၊ဆရာမတွေက very approachable ဖြစ်တယ်။ ကျောင်းသားတွေအတွက် တကယ်အရမ်း supportive ဖြစ်ပါတယ်။ ဒါကတော့ STI ကို ကျေးဇူးတင်စရာတစ်ခုပေါ့ ။ ပြီးတော့ STI extra သင်ရိုးညွှန်တမ်းတွေလည်းရှိတယ်။ ကျောင်းက သက်သက်သင်ပေးတာမို့ အရမ်းကောင်းတယ်လို့ ပြောရပါမယ်။

မေး-ဒေါက်တာက Public Health နယ်ပယ်မှာ Public Health Specialist တစ်ဦးအနေနဲ့ (၁၅)နှစ်လောက် အတွေ့အကြုံရှိခဲ့တော့ မြန်မာနိုင်ငံမှာ Public Health ပညာရှင်တွေအနေနဲ့ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်ရရှိခွင့်ရရှိတယ်။ နိုင်ငံတကာမှာတော့ ဘယ်လိုဆောင်ရွက်ခွင့်ရှိတယ်ဆိုတာ နှိုင်းယှဉ်ပြောပြပေးပါ။

ဖြေ- ပြောရရင် ဆရာဝန်တစ်ဦးအနေနဲ့ ဒါက Clinical ၊ ဒါ က Public Health လို့ခွဲလိုက်တာက ခေတ်နောက်ကျတဲ့အယူအဆလို့ကျွန်မတော့ ဆိုချင်တယ်။ ဘာလို့လဲဆိုတော့ public Health Sense က အကုန်လုံးမှာထည့်ရမယ်.။ အရေးကြီးတယ်။ ဒါကြောင့်လည်း တချို့တိုင်းပြည်တွေမှာ Ministry ဝf Public Health ဆိုပြီးရှိတယ်။ အဲ့ဒီအောက်မှာ ပဲ တခြားဌာနတွေရှိတယ်။ Thailand လိုမျိုးမှာတောင် Ministry of Public Health ရှိတယ်။ ဒါပေမဲ့ အဲ့ဒီလိုပြောတာကနာမည်ပြောင်းရမယ်လို့ပြောတာမဟုတ်ပါဘူး။ လူထုတစ်ခုလုံးရဲ့ Health ဆိုတဲ့ component ကြီးမှာ ကျန်းမာရေးစောင့်ရှောက်မူဆိုတာက အဓိကအခန်းကဏ္ဍအနေနဲ့ ပါနေတာပေါ့ ။ အဲ့ဒီဟာကို ကျွန်မဖြစ်စေချင်တာတော့ ဆေး ကျောင်းသားဘဝစာစသင်ကတည်းက subject တစ်ခုအနေနဲ့ ထည့်ထားတက ပိုကောင်းတယ် ။ သေသေချာချာကို သိနေရမယ်။ စဉ်းစားရင်လည်း လူတစ်ဦးတစ်ယောက်ကိုလည်း ဆေးကုမယ်။ တခြားကိုလည်းစဉ်းစားမယ်ဆိုတဲ့ approach မျိုးနဲ့ အားလုံးက သွားသင့်တယ်လို့ ယူဆတယ်။ ကိုယ့်ရဲ့အတွေ့အကြုံနဲ့ သိလာတဲ့ အသိပေါ့ ။ အခုဆေးကျောင်းတွေမှာ သင်ရိုးအသစ်တွေပြန်လုပ်နေကြတယ်။ အဲ့ဒီမှာ Public Health sense တွေကို ခေတ်တုန်းကထက်ပိုပြိးတော့ ထည့်ပေးသင့်ပါတယ်။

မေး-ဒေါက်တာ Public Health နယ်ပယ်ထဲမှာ လက်ရှိလုပ်ဆောင်မူအပိုင်းလေးလည်း ပြောပေးပါဦး။

ဖြေ- အခုက ICAP at Colombia University မှာလုပ်နေတာပါ။ အဲ့ဒီအဖွဲ့က ဘာလုပ်လဲဆိုတော့ မြန်မာနိုင်ငံမှာ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနဲ့လက်တွဲပြီး HIV နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ ပိုပြိးတော့ အရည် အသွေးမီမီ လုပ်နိုင်ဖို့ ၊ ပိုပြိးကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်ဖို့ နည်းပညာအားဖြင့် ပါဝင်ကူညီပြိး ပူးပေါင်းဆောင်ရွက်ပါတယ်။ တိုက်ရိုက်ဆေးကုတာမျိုးမဟုတ်ပဲ health care provider တွေနဲ့ ပူးပေါင်း ပြိး ဒါတွေရဲ့ quality ကို ဘယိလို expand လုပ်ကြမလဲ ဆိုတဲ့ရူထောင့်မျိုးကနေ စဉ်းစားပြီး သူများတိုင်းပြည်မှာတော့ ဒီလိုလုပ်တယ် ၊ဒီလိုထင်တယ် ။ ဒီလိုပဲ လုပ်ကြစို့ ဆိုတာမျိုးမဟုတ်ပဲ ကိုယ့်တိုင်းပြည်မှာဖြင့် တကယ်မြင်ရတဲ့ဒေတာတွေက ဒါတွေဒါတွေရှိတယ်။ လုပ်သင့်တာတွေကဘာလဲဆို ကို MOHS နဲ့ ပူးပေါင်းပြီးလုပ်ဆောင်နေပါတယ်။ ကျွန်မတို့အဖွဲ့က နည်းဗျူဟာတွေ နဲ့ပတ်သက်ပြီးလုပ်ရတာတွေ International laboratory နဲ့ ပူးပေါင်းပြီးလုပ်တာတွေ ရှိတယ်။ နောက်တစ်ခုက HIV treatment ပိုင်းတွေနဲ့ ပတ်သက်ပြီး ကူညီတာတွေရှိမယ်။ ဒီ Community ထဲမှာပဲ လူနာတွေ များများတွေ့နိုင်အောင် ၊လူတွေကို ကူညီနိုင်အောင် ၊ အဲ့ဒီလူနာဆေးကုသနေချိန်မှာလည်း ကောင်းမွန်တဲ့ ဆေးကုသမူတွေနဲ့ ကိုယ့်ကိုယ့်ကို.် ကာကွယ် စောင့်ရှောက်ဖို့ တွေလုပ်နေပါတယ်။ ကျွန်မက Country Director အနေနဲ့ ဒီအဖွဲ့ကိုဦးဆောင်တဲ့သူဖြစ်ပါတယ် ။
မေး- မြန်မာနိုင်ငံမှာ Public Health ကဏ္ဍ ဒီထက် ပိုထပ်ပြီးတိုးတက်လာအောင်ဘာတွေလုပ်ဖို့လိုပါသေးသလဲ
ဖြေ- အများကြီးလုပ်ရပါဦးမယ်။ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ Public Health ကဏ္ဍ က အများကြီးတိုးတက်ဖို့ လိုပါသေးတယ်။ အရမ်းမြှင့်တင်ဖို့လိုပါသေး တယ်။ကျန်းမာေ ရး နှင့် အားကစား ဝန်ကြီးဌာနကလည်း အခုဆိုရင် ကျန်းမာရေးအသိပညာမြင့်မာလာဖို့ တစိုက်မတ်မတ် ကြိုးစားလုပ်တယ်။ သို့ပေမဲ့ အခက်အခဲတစ်ခုက လူတွေရဲ့နဂိုရှိတဲ့ အသိပညာ၊ အတတ်ပညာ educated ဖြစ်လားဆိုတာ ကျွန်မတို့တိုင်းပြည်က မြှင့်တင်ဖို့လိုပါသေးတယ်။ တစ်ခါတလေကျတော့ လည်း စီးပွားရေးကိုပဲ ခေါင်းထဲထည့်ထားတော့ ခုနက အရာတွေသိသလိုမသိသလိုနဲ့ ဦးစားမပေးဘူး။ အများကြီးကြိုးစားရမယ်။ Covid အခုအချိန်ကိုပဲ ကြည့်၊ ဖြစ်စက လူတွေအရမ်းကြောက်ကြတယ်။ လမ်းပေါ်မှာလည်းရှင်းတယ်။ လက်ဆိုလည်းဆေးလိုက်ရတာ အကြိမ်ကြိမ်။ အခုဆိုလည်း ရှိသေးတာပဲ ။ ကျွံမထွက်လာတာက မျက်စိနဲ့လည်းမမြင်ရလို့ အခုကျတော့ သိပ်မကြောက်ကြတော့ဘူး။ ဒါက အကောင်းဆုံးဥပမာပဲ ။ ဒါတွေကျန်းမာရေးအသိပေးဖို့ တောက်လျှောက်လုပ်နေရမယ်။ ကျန်းမာရေးတင်မက ပညာရေးကဏ္ဍလည်းတိုးတက်ဖို့ လုပ်ရမယ်။ ကျန်းမာရေးကို ကိုယ့်ရဲ့ ဉာဏ်ပညာနဲ့ လက်လှမ်းမီသလောက် တွေးခေါ်ကာကွယ်ဖို့ကအသိပညာတိုးတက်ဖို့လည်း လိုပါသေးတယ်။ နောက် sector တစ်ခုက လိုက်မလုပ်ရင်ဘာဖြစ်မလဲဆိုတာလည်း ကြပ်မတ်ပေးဖို့ လိုသေးတယ်။ မကြပ်မတ်ပေးရင်တော့ကျန်းမာရေးက အဖက်ဖက်ကမြှင့်တင်ပေးဖို့ အသိပညာမြင့်မားဖို့ ဒီနိုင်ငံမှာ လုပ်ဖို့ အများကြီးလိုပါသေးတယ်။
မေး-ဒေါက်တာအနေနဲ့ STIMU မှာ Public Health နဲ့ပတ်သက်ပြီး မဟာဘွဲ့ယူပြီးတဲ့နောက် လက်ရှိဒေါက်တာလုပ်ကိုင်နေတဲ့ အလုပ်တွေမှာ ဘယ်လိုအထောက်အကူရစေလဲ။ ပြောပြပေးပါဦး
ဖြေ-နံပါတ်တစ်က နာမည်နောက်မှာ ဘွဲ့တစ်ခုပါသွားတာပေါ့ ။ (ရယ်လျက်) ဒါကလည်းအရေးကြီးပါတယ်။ဘာလို့လဲ ဆိုတော့ လူတစ်ယောက်ကို မသိခင် သူ့ရဲ့ academic background က ဘာလဲဆိုတာကို ကြည့်ကြတာပေါ့ ။ အစ်မက ဒီဘွဲ့မယူခင်ကတည်းက ဒီ Career မှာရှိနေတယ်။ ကိုယ်တိုင်လည်း short course တွေ ၊ workshop တွေ အများကြီးတက်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်လည်း ပြန်apply လုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီဟာက အစ်မသင်ချင်တဲ့ thematically Systematicallyသင်ပြီးတဲ့အခါ ယုံကြည်မူအရမ်းတက်သွားတယ်။ ဒါတွေကို Ato Z သေချာသင်လိုက် ၊စာတွေလေ့လာလိုက်ရတယ်။ တကယ်နားလည်တတ်ကျွမ်းတွင်ပညာရှင်ဆရာ ၊ဆရာမကြီးတွေနဲ့ အတူ လိုက်လုပ်ရတယ်။ ကိုယ်တွေးနွေးတာ၊ လုပ်နေတာတွေကမှန်တယ်ဆိုတဲ့ ယုံကြည်မူ level က ပိုတက်သွားပါတယ်။ ပြီးတော့ အလုပ်လုပ်ရတာလည်း ပိုပြိး သက်တောင့်သက်တာ ရှိလာတယ်လို့ပြောရမှာပေါ့ ။
မေး-ဒေါက်တာရဲ့ရှေ့လျှောက်ရမယ့် အနာဂတ်လုပ်ဆောင်ချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ-ဒီအလုပ်ကိုလုပ်လာခဲ့တာ နှစ်ပေါင်းများစွာကြာလာခဲ့ပြီ ။ ကိုယ်လုပ်နေတာ အရာထင်နေသေးတယ်။ လုပ်နိုသေးတယ်ဆိုတော့ ဆက်လုပ်နေဦးမှာပဲ ၊တစ်ခါတစ်လေတော့ စဉ်းစားမိတယ်။ ငါဒါလုပ်နေတာ ဒီလောက်ကြာနေပြီ တခြားဟာပြောင်းလုပ်ရင်ကောင်းမလားစဉ်းစားမိတယ်။ ဒီအဝန်းအဝိုင်းလေးမှာ ကိုယ်လိုပဲ လုပ်နေတဲ့သူတွေရှိတယ်။ တခြားအဖွဲ့အစည်းပဲ ဖြစ်ဖြစ် ၊ ကိုယ့်ရဲကလေးတစ်ယောက်ယောက်ပဲ ဖြစ်ဖြစ် မလုပ်တော့ဘူးထွက်သွားတယ်ဆိုရင် အစ်မက စဉ်းစားမိတယ်။ ဒီနေရာမှာဘယ်သူလုပ်မှာလဲ ။ ဒီနေရာကလင့်လပ်သွားမှာလား ။ ဒီအတွေ့အကြုံတွေရှိတဲပ လူတစ်ယောက်လျော့သွားတာ နှမျောစရာကြီးလို့ စဉ်းစားမိတယ်။ ငါလည်း ဒီအလုပ်ကို ကျွမ်းကျင်နေတယ်။အားတစ်ခုလျော့သွားမှာလည်း နှမျောစရာကြီးလို့ စဉ်းစားမိတယ်။ so far ကတော့ ဒီဟာပဲ ဆက်လုပ်နဦးမှာပါ။

မေး-အခုလိုအချိန်ပေးပြီးဖြေကြားပေတဲ့ ဒေါက်တာကို STIMU မှကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ-ဟုတ်ကဲ့ ကျွန်မကလည်း STI Myanmar University ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။