Hae Thi Pwint Oo

BEng (Hons) Civil Engineering (University of Bedfordshire UK)

ငယ်ငယ်တည်းက Engineering ကို စိတ်ဝင်စားခဲ့တာဖြစ်လို့ ၂၀၁၄ ဆယ်တန်းစာမေးပွဲပြီးတဲ့အချိန်မှာ Engineering ကျောင်းတွေကို ဆက်တိုက်စုံစမ်းခဲ့တယ် နောက်ဆုံးမှာ MICT park မှာလာစုံစမ်းရင်း STI Myanmar University ကိုတွေ့ခဲ့တယ် စုံစမ်းကြည့်တဲ့အခါမှာ BEng (Hons) Civil ကို သင်ယူနိုင်တယ်ဆိုတာ သိခဲ့လို့ ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်ကို ဒီမှာ အကျိုးရှိရှိ ရနိုင်မယ်ဆိုတာသိလို့ STI ကို join ဖြစ်ခဲ့တယ် ကျောင်းတက်နေတဲ့ကာလပတ်လုံးမှာ UOB Engineering ရဲ့ 1st batch လည်း ဖြစ်လို့ အခက်အခဲနည်းနည်း ရှိခဲ့ပေမယ့်လည်း ဆရာ ဆရာမတွေက တကယ်ကို အထောက်အပံ့ကောင်းတွေပေးခဲ့ပါတယ် စေတနာအပြည့်အဝထားပြီး ကျောင်းသူ/သားတွေ လိုအပ်သမျှကို အချိန်မရွေးကူညီတဲ့ကျေးဇူးတွေ ကျွမ်းကျင်ပိုင်နိုင်လှတဲ့ လမ်းညွှန်သင်ကြားမှုတွေ နဲ့ STI MU ရဲ့ပံ့ပိုးမှုကောင်းတွေကြောင့် အဆင်ပြေပြေ သင်ယူနိုင်ခဲ့ပါတယ် စာတွေ့တင်မဟုတ်ဘဲ လက်တွေ့မှာပါ အတွေ့အကြုံရအောင် site visit တွေ internship program တွေTraining program တွေ စီစဉ်ပေးခဲ့ပါတယ်.. ခုလိုစီစဉ်ပေးမှုတွေကြောင့် ခုဆို တကယ့် လုပ်ငန်းခွင်မှာ များစွာအကျိုးရှိပါတယ်