Su Pyae Sone Naing

BEng (Hons) Architectural Engineering (University of Bedfordshire UK)

ညီမဆယ်တန်းပြီးတော့ နိုင်ငံခြားမှာ ကျောင်းတက်ချင်ခဲ့ပါတယ် ဒါပေမယ့်  တကယ်တမ်းကျတော့ ကိုယ်တွေးထင်ထားသလို မဟုတ်ပဲ နိုင်ငံခြားမှာ ပညာသင်ဖို့ဆိုတာ အခက်အခဲတွေ ၊ အဆင်မပြေမူတွေ အများကြီးရှိခဲ့တယ်။ ဒါကြောင့် ဗိသုကာ ပညာရှင် တဦးဖြစ်ချင်တော့ မိသားစုနဲ့ တိုင်ပင်ပြီး ဒီနိုင်ငံမှာပဲ foreign ကပေးတဲ့ ဘွဲ့ကို direct ရအောင် apply လုပ်လို့ရမယ့် ကျောင်းတွေ၇ှိမရှိ စုံစမ်းခဲ့ ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် ညီမ MICT Park ထဲမှာ IT နဲ့ပတ်သက်တဲ့ သင်တန်းတက်တယ်။ အဲ့ဒီကနေ STI အကြောင်းသိခဲ့ ၊ စုံစမ်းခွင့်ရတော့ ညီမလိုချင်တဲ့ Architectural Engineering ဘွဲ့ကို UK ကနေတိုက်ရိုက်ပေးတဲ့ အခွင့်အရေးရှိမှန်း သိခဲ့ရလို့ STI ကို ရွေးချယ်တက်ခဲ့ တာပါ။ ဆရာ ဆရာမတွေက စာသင်အရမ်းကောင်းကြသလို စိတ်လည်းရှည်ကြတယ်။ ပြီးတော့ သူတို့ကိုယ်၌ ကလည်း သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်အောင်မြင်နေသူ တွေဆိုတော့ အရည်အချင်း လည်းရှိတယ်။ ဒါကြောင့် ညီမတို့ နားမလည် တဲ့ အခါ ၊ စာတွေ လိုကိမမီတဲ့ အခါ သူတို့ ကိုမေးရင်အချိန်ပြည့် Welcomeပဲ။ အရမ်းလည်း support လုပ် ပေးသလို စေတနာလည်း ထားကြပါတယ်။

ညီမထင်တာက Architecture ဆိုတော့ပုံတွေပဲ ဆွဲရမယ်လို့ ထင်တယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ အဲ့လိုမဟုတ်ပါဘူး။ Assessment ၊ Assignment ၊ Practical နဲ့ workshop ရော အကုန်ပြည့်ပြည့်စုံစုံ လုပ်ပေးတယ်။ ပြီးတော့ သင်ရိုးညွှန်းတန်းအနေနဲ့ ဆိုလည်း စာတွေက နိုင်ငံတကာ အဆင့်မီဘွဲ့ရမှာမို့ ကျောင်းသားတွေအတွက် အီရောင်ဝါး ရောချလို့မရဘူး။ final မရောက်ခင် UOB က ချမှတ်ထားတဲ့ စည်းမျဉ်းအတိုင်း ညီမတို့တွေက IELTS ကို ဖြေရသေးတယ်။ အဲ့ဒါအောင်မှ ဆက်တက်လို့ ရတာ။ ညီမတို့တွေ တကယ်ကြိုးစားရပါတယ်။ အခု သုံးနှစ်ပြီးလို့ကိုယ် honors ရမှ ကိုယ်တကယ် စာလုပ်ခဲ့တာပဲဆိုပြီး ကျေနပ်ရတယ်။